လေဆိပ်ထဲမှာ ခရီးသည်တွေက ပျားပန်းခတ် သွားလာနေကြသည်။ လေယာဉ်ချိန်မကျသေးတာကြောင့် လျှန်တို့လည်း စောင့်ဆိုင်းနေတဲ့နေရာမှာသာ ထိုင်နေဖြစ်သည်။
" ကိုကိုရှားမြတ်တို့ကို လွမ်းနေရတော့မယ် "
ကလေးတစ်ယောက်လို ချွဲနွဲ့ကာ ဒေါက်တာ့ရင်ခွင်ထဲ ဝင်လုမတတ် အလွမ်းသယ်နေတဲ့ နေးလက်ျာလေးကိုကြည့်ပြီး လျှန်နဲ့ရှန်ခိုက် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ရင်း ခေါင်းအသာရမ်းမိကြသည်။ ဒေါက်တာကလည်း နေးရဲ့ပခုံးကိုပြန်လည်သိုင်းဖက်ပြီး အပြုံးနဲ့သာ နှစ်သိမ့်ရှာသည်။
" ကျန်းမာရေး သေချာဂရုစိုက်ရမယ်နော် . နေးနေး "
" ဟုတ်... "
ရှားက အိုင်ယာလန်မှာ စာတမ်းပြုစုလို့ပြီးသွားတာကြောင့် ပြန်ရတော့မည်။ အစကတော့ တစ်ပတ်နှစ်ပတ်လောက်နေပြီးမှ ပြန်ဖို့စီစဥ်ထားပေမယ့် ခိုက်ရဲ့အလုပ်တွေက ထားခဲ့လို့မရသည်ကြောင့် အလောတကြီးပြန်ဖို့ဖြစ်လာခဲ့သည်။ ခိုက်ကိုအလုပ်မအားရင် လာမကြိုဖို့ပြောထားခဲ့သော်လည်း ရှားတစ်ယောက်တည်းပြန်လာမှာကို စိတ်မချဘူးဆိုကာ မအားတဲ့ကြားက အချိန်လုပြီး လာကြိုခြင်းဖြစ်သည်။
" ဝင်ရင်လည်း ဝင်နှင့်တော့လေ . ရှန်ခိုက် "
အခုချက်ချင်းပဲ ငိုချတော့မည့်ပုံစံနှင့် မျက်ရည်လေး တစမ်းစမ်းဖြစ်နေတဲ့ နေးလက်ျာကိုကြည့်ရင်း လျှန်က ရှန်ခိုက်ကို သတိပေးလိုက်သည်။ အိုင်ယာလန်မှာ ရှိနေတဲ့ကာလအတွင်း မိသားစုတွေလို ရင်းနှီးခဲ့ကြတာမို့ နေးအတွက် ရှန်ခိုက်နဲ့ဒေါက်တာက တွယ်တာစရာဖြစ်ခဲ့သည်။
" မငိုရဘူးနော် နေးနေး... နေးနေး ငိုနေတော့ အစ်ကိုက ပြန်ခါနီး ဘယ်စိတ်ကောင်းပါ့မလဲ "
" ကိုကိုရှားမြတ်တို့က ကြိုမပြောပဲ ရုတ်တရက်ကြီးကိုး "
" ဟော... အစ်ကို ကြိုပြောပါတယ်လေ... နှုတ်ဆက်တဲ့အနေနဲ့ ညစာတောင် တူတူစားခဲ့သေးတာကို "
" မသိဘူး... "
ဂျစ်တိုက်လို့ ရှားရင်ခွင်ထဲဝင်ပြီး တင်းနေအောင်ဖက်လာတဲ့ နေးကိုကြည့်ပြီး လျှန်တို့သုံးယောက် သဘောတကျ ရယ်မိကြတော့သည်။
YOU ARE READING
My Beautiful SPOUSE
General Fictionဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••