အပိုင်း - (၄၁)

1.8K 223 8
                                    

" ကိုကို့ ... "

ရင်ခွင်ထဲကို အင့်ခနဲ ပစ်ဝင်လာတဲ့ ခန္ဓာကိုယ်လေးကို ကျစ်နေအောင် ထွေးပိုက်ပစ်ရင်း လျှန် လွမ်းနေရတဲ့ အငွေ့သက်တွေကို ခေါင်းလုံးလေးပေါ် မျက်နှာအပ်ရင်း အမိအရ ရှူရှိုက်မိသည်။

" အများကြီးလွမ်းနေတာ ကိုကို့ကို ...  "

" အင်း . ကိုယ်လည်းလွမ်းနေတာ လာပါဦး "

ကိုယ်လုံးငယ်လေးက ရင်ခွင်ထဲရောက်နေတာတောင် မတင်းတိမ်စွာ လျှန်က တင်းကျပ်သည်ထက် တင်းကျပ်နေအောင် ထွေးပွေ့လိုက်ရင်း ဦးခေါင်းထိပ်ကစလို့ နားရွက်ဖျားတွေနဲ့ မျက်နှာပြင်လေးအနှံ့ကို အားပါးတရ နမ်းမွှေးမိသည်။

" ကိုကိုပြောတော့ နောက်နှစ်ရက်နေမှဆို ... အဲ့တာက မနက်ဖြန်မှလေ မဟုတ်ဘူးလား "

" နေး အံ့ဩသွားအောင် ကိုယ်က ပြန်လာတာလေ... မပျော်ဘူးလား . ဟင် "

" ဟင့်အင်း! ဟင့်အင်း ... နေး အရမ်းပျော်နေတာ ... လွမ်းနေရတာ "

ကျောင်းဆင်းချိန်မှာ ဂရင်းနဲ့ဦးနော်က နေးကိုလာကြိုပြီး အိမ်ကိုပြန်ရောက်တော့ တွေ့လိုက်ရတဲ့မျက်နှာကြောင့် လွယ်ထားတဲ့လွယ်အိတ်လေးကိုပစ်ချပြီး ကိုကို့ရင်ခွင်ထဲ ဒုန်းစိုင်းလို့ ပြေးဝင်မိသည်အထိ။ နွေးထွေးတဲ့ ကိုကို့ရင်ခွင်နဲ့ ဝေးနေရတာ ဘယ်လောက်တောင်ကြာနေပြီမလို့လဲ။

" ကဲကဲ ... အလွမ်းသယ်မနေကြနဲ့ဦး . နောက်မှ အလွမ်းသယ်တော့ ... တစ်ယောက်ကလည်း ခရီးကပြန်ရောက်ရောက်ချင်း အဝတ်အစားမလဲဘူး ... တစ်ယောက်ကလည်း ကျောင်းကပြန်ရောက်တာ လွယ်အိတ်တောင်အခန်းထဲမထားနိုင်တော့ဘူး ... သွား သွား အခန်းထဲမှာအေးဆေးနားကြဦး "

အိမ်ရဲ့ဧည့်ခန်းထဲမှာ တစ်ယောက်ကိုတစ်ယောက် မလွှတ်တမ်း ပွေ့ဖက်နေကြတဲ့ နှစ်ယောက်ကို ဂရင်းက လောဆော်လိုက်တော့မှသာ ဖက်ထားရာကနေခွာပြီး မျက်နှာလေးရဲနေတဲ့ နေးနေးက ခေါင်းငုံ့သွားသည်။

" သွား . သွား ဘုံလျှန် ... ဟိုမှာ ရှက်နေပြီ ... အခန်းထဲခေါ်သွားတော့ "

ဦးနော်က အကြည့်လွှဲကာ လက်တစ်ခါခါနဲ့ ထပ်ပြောတော့ ဘေးမှာရှိနေတဲ့ ဂရင်းကရယ်သည်။ လစ်ဒီကလည်း ဦးနော်ပြောနေတာတွေကို နားမလည်သည့်တိုင်အောင် လက်တစ်ခါခါဖြစ်နေတဲ့ ဦးနော်ကိုကြည့်ရင်း ခပ်ဖွဖွရယ်ပါတော့သည်။

My Beautiful SPOUSEWhere stories live. Discover now