အပိုင်း - (၄၀)

Start from the beginning
                                    

" ကိုယ် စိတ်မဖြောင့်အောင် မဂျီပါနဲ့လား နေးရယ်.နော်... ကိုယ် အမြန်ဆုံးပြန်လာပါ့မယ် "

လျှန်က စိတ်မဖြောင့်သလို ခပ်ညည်းညည်းပြောတဲ့အခါ နေးလက်ျာလေးက စိတ်လျော့လိုက်ပြီး လျှန့်ရင်ခွင်ထဲတိုးဝင်လာတော့သည်။ လျှန်လည်း ဒီချစ်မဝလေးကို ဘယ်ခွဲချင်ပါ့မလဲ။ တိုးချဲ့လိုက်တဲ့အလုပ်တွေကြောင့် ဆက်ခံသူဖြစ်တဲ့လျှန်က အခမ်းအနားကို မဖြစ်မနေတက်ရမည်မို့သာ ပြန်ရခြင်းဖြစ်သည်။

" ဦးနော်၊ ဂရင်း နေးကို အပ်ခဲ့မယ်နော်... ကိုယ့်အစားဂရုစိုက်ပေးပါဦး "

နေးလက်ျာရဲ့ကိုယ်နွေးနွေးလေးကို ပွေ့ဖက်ထားရင်း အနားမှာရှိနေတဲ့ဦးနော်နဲ့ဂရင်းကို လျှန်ပြောလိုက်တော့ နှစ်ယောက်လုံးက ခေါင်းသာညိတ်ပြသည်။ တကယ်ဆို လျှန် မပြောလည်း ဦးနော်နဲ့ဂရင်းကို ဂရုစိုက်မှာ သေချာပါသည်။ သို့ပေမယ့် အရင်လိုမျိုး စိတ်လက်ပေါ့‌ပါးနေခြင်းမရှိတာကိုတော့ လျှန်ကိုယ်တိုင်သာသိသည်။ အိုင်ယာလန်ကို ရောက်ကတည်းက နေးနေးနဲ့ ခပ်ကြာကြာမခွဲဖူးတာကြောင့်လို့သာတွေးရင်း ခရီးသွားလာခါနီး လျှန် မျက်နှာမကောင်းရင် နေးလက်ျာ စိတ်မကောင်းဖြစ်မှာ စိုးရိမ်တာကြောင့် အတွေးတွေကို ဖယ်ထုတ်လိုက်သည်။

" နေ့တိုင်းဖုန်းဆက်ပြီး ဗွီဒီယိုကောလ်ခေါ်မယ်နော်... နေး "

" ဟုတ်... "

ပုတ်သင်ညိုလေးကို ခေါင်းလေးကို တဆတ်ဆတ်ညိတ်ရှာတဲ့ နေးလက်ျာကို လျှန့်မှာ အသည်းယားစွားနဲ့ နှာခေါင်းဖျားလေးကို ဖိကပ်နမ်းလိုက်သည်။ ဒီလိုအပြုအမူလေးတွေနဲ့ နေးလက်ျာက လျှန့်ကို အနားကနေ တစ်ဖဝါးမှ မခွာနိုင်အောင် ပြုစားနေတော့သည်။

" ကိုယ် သွားတော့မယ်... နွေးနွေးထွေးထွေးလည်းနေဦးနော် "

" အင်းလို့... ဒီစကားတွေချည်းပြောနေတာ ခဏခဏ‌ရှိနေပြီ... ကြားချင်တာကျ မပြောပဲနဲ့ "

အဆုံးသတ်စကားမှာ တိုးဝင်သွားတဲ့ အသံလေးကြောင့် လျှန်က အသည်းယားစွာပင် နေးလက်ျာလေးကို ပွေ့ဖက်လိုက်သည်။

" ကိုကိုက နေးလက်ျာလေးကို အများကြီးချစ်တယ်နော် "

ချစ်ကြည်နူးလို့မပြီးနိုင်တဲ့လျှန်တို့ကြောင့် အနားမှာရှိနေတဲ့ဦးနော်နဲ့ဂရင်းတို့က တစ်ဖက်ကိုသာလှည့်နေကြတော့သည်။

My Beautiful SPOUSEWhere stories live. Discover now