အပိုင်း - (၄၁)

Start from the beginning
                                    

" အဲ့တာဆို ခေါ်သွားတော့မယ်နော် ဦးနော် ... ကိုယ်တို့ ညစာဆင်းမစားတော့ဘူး ... နောက်မှပဲ အပြင်ထွက်စားတော့မယ် "

" အေး . အေး... သဘောရှိ . သဘောရှိ "

ဦးနော်တို့ကိုနှုတ်ဆက်ပြီးနောက် လျှန်က ရင်ခွင်ထဲက နေးလက်ျာလေးရဲ့ ပခုံးကိုသိုင်းဖက်ထားရင်း အပေါ်ထပ်ကို တက်ခဲ့လိုက်သည်။ လျှန့်ရင်ခွင်ထဲမှာ မျက်နှာအပ်ထားရင်း နေးကလည်း ငြိမ်ငြိမ်သက်သက်လေး ပါလာသည်။

" လာပါဦး နေးရယ် ... ကိုယ် နမ်းပါရစေဦး "

လျှန်တို့အခန်းထဲကိုရောက်တော့ အဝတ်အစားတောင် မလဲနိုင်ပဲ နေးလက်ျာလေးကို အခန်းတံခါးမှာဖိကပ်ထားလိုက်သည်။ မျက်နှာနုနုလေးကို လက်နှစ်ဖက်နဲ့ ပင့်မော့စေပြီး လွမ်းနေရတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို တမေ့တမော ငေးမိသည်။

" ဘာလို့အရမ်းလှနေရတာလဲဟင်.  နေး ... တစ်နေ့တစ်နေ့ မင်းကိုစိတ်မချတော့ဘူး... ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ "

လျှန့်အမေးကို ပြန်မဖြေတဲ့ နေးလက်ျာလေးက လျှန့်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သလင်းကျောက်တွေလိုမျိုး ကြည်လင်နေတဲ့ မျက်ဝန်းအိမ်လေးတွေထဲကို လျှန် စေ့စေ့ကြည့်နေရင်း လမ်းပျောက်ရတာအခါခါ။ သို့ပေမယ့်လည်း နေးလက်ျာက လျှန့်ရဲ့ပိုင်ဆိုင်ရာလေးဖြစ်နေသည်မို့ တော်သေးသည်။

" ကိုယ် မင်းကိုချစ်လိုက်ရတာ နေးရယ် ... "

ချစ်ရမှုကို လေးလေးပင်ပင် သံရှည်စွဲလို့ လျှန် နင့်နင့်နဲနဲဆိုမိသည်။ ပိုင်ဆိုင်ထားရတာတောင် မချင့်မရဲစိတ်တွေ ဖြစ်တည်တယ်ဆိုတာက ဒီလိုမျိုးပဲ ထင်ပါရဲ့။ ရင်ခွင်ထဲက ခင်ပွန်းလှလှလေးရဲ့ မျက်နှာအနှံ့ကို လျှန့်မှာ အနမ်းစိပ်စိပ်တွေကို ခပ်ဖွဖွအခြေတည်မိသည်။

" ဒီနှုတ်ခမ်းလေးတွေကိုလည်း လွမ်းနေရတာ "

လျှန့်စကားအဆုံး နေးကလေးရဲ့ မျက်ဝန်းအိမ်လေးတွေက ပုလဲလုံးလေးတွေ တည်ရှိနေတဲ့ ကမာအိမ်လေးတွေလိုမျိုး တဖျတ်ဖျတ်ပိတ်သိမ်းလေးရဲ့။ လျှန့်မှာတော့ မရိုးရတဲ့ အလှတရားတွေကြောင့် နေးလက်ျာလေးကို ချစ်ရတာဟာ နေမြင့်လေ အရူးရင့်လေ။

My Beautiful SPOUSEWhere stories live. Discover now