Arc 4🗡127🗡အဒေါ်နဲ့တူမ

Start from the beginning
                                    

"ဒါ့အပြင် သူတော်စင် သားရဲသွေးကို သောက်သုံးတဲ့ အကျိုးသက်ရောက်မှုက နှစ်တွေ ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်လို့ သူဌေးဖြစ်သုလည်း တွေ့ခဲ့မယ်လို့ ထင်ပါတယ်.... ဒီနေရာက သူတော်စက် သားရဲတွေ နည်းပါးလာတာ အံ့သြစရာ​တော့ မရှိပါဘူး ဟုတ်တယ်မလား?"

အမျိုးသမီးက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ လုရွှမ် ပြောတာ မှန်ပါ၏။ သူမသည် ကံကောင်းခြင်း အနည်းငယ်ကို ဆုပ်ကိုင်ထားကာ သူမနှလုံးသားထဲတွင် နောက်ဆုံး အကြိမ်အဖြစ် မျှော်လင့်မိနေခြင်း ဖြစ်သည်။

"ဒါပေမဲ့ နင်တို့ဒီအတိုင်း ထွက်သွားချင်တယ် ဆိုရင်တော့ အိပ်မက်မက်နေလိုက်... ဆေးဖက်ဝင် ပစ္စည်းတွေ အားလုံးကို ထုတ်လိုက်... မဟုတ်ရင် အတူတူ သေရလိမ့်မယ်"

လုရွှမ် ဟုန်ချောင်ကိုလည်း တစ်ချက် ကြည့်လိုက်ပြီး

"ထုတ်လိုက်ပါ.. အသက်ကို ကယ်တင်တာက အရေးကြီးဆုံးပဲ"

နောက်တော့ သူမ သေးငယ်တဲ့ ပစ္စည်းလေးတွေကို လွှင့်ပစ်လိုက်တော့သည်။ ဒါတွေက လမ်းတလျှောက် သူမ ကောက်သိမ်းလာတဲ့ အရာတွေဖြစ်ကာ အားလုံး အမှိုက်တွေ ဖြစ်ကုန်ပြီ။ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ဟုန်ချောင်ကို စိုက်ကြည့်နေ၏။

ဟုန်ချောင် နှာချေလိုက်သည်။ သူ့ပစ္စည်းတွေ အများစုဖြစ်တဲ့ အနီရောင်​တွေ၊ ဆေးလုံးတချို့၊ အထောက်အထား တံဆိပ်ပြားနဲ့ အလှကုန်ပစ္စည်းတွေ အများစုပင်။

အမျိုးသမီးက စွမ်းအင်တစ်ခုဖြင့် စုပ်လိုက်ရာ အထောက်အထား တံဆိပ်ပြားက သူမလက်ထဲသို့ ကျရောက်သွားသည်။

"မင်းက လျန့်မိသားစုကလား? မင်းနာမည် ဘယ်လိုခေါ်လဲ?"

အမျိုးသမီးက ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ဟုန်ချောင်ကို စိုက်ကြည့်နေ၏။

ယခုအချိန်တွင် လုရွှမ်သည် ဟုန်ချောင်၏ အမည်ရင်းမှာ လျန့်ဟုန်ချောင် ဖြစ်သည်။ လျန့်အိမ်တော်သည် နာမည်ကြီး မိသားစု တစ်ခုဖြစ်သည့် တိမ်ပင်လယ်နယ်မြေရှိ တစ်ခုတည်းသော ထိပ်တန်းအင်ပါယာ ကျိုးရန်ဧကရာဇ် အင်ပါယာ၏ အဓိက မိသားစုလေးခုထဲမှ တစ်ခုဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now