Chapter (182) Arc 3
အဆိပ်ခတ်ထားတာလား?"လုရွှမ် မင်းမှာ ဒီလိုနေ့မျိုး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး!"
မင်းသား ချန်ရှင်းလည်း လုရွှမ်တစ်ယောက် သဲသောင်ပြင်မှာ ပိတ်မိနေတာ တွေ့တဲ့အခါ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ရောက်လာခဲ့၏။
သူသည် ခံ့ညားထည်ဝါသော မင်းသားတစ်ပါးဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ အမွေဆက်ခံသူများထဲမှ တစ်ဦးဖြစ်သော်လည်း အပယ်ခံဘဝဖြင့် ထီးနန်းဆုံးရှုံးခဲ့ရကာ တရားခံလုရွှမ်အပေါ် မုန်းတီးမှုသည် အရိုးထဲ၌ အကြာကြီး ရှိနေခဲ့သည်။
သူ့အတွက် ထိုရတနာများသည် မလိုအပ်သော်လည်း လုရွှမ်ကတော့ သေရမည်။
"မင်းသားချန်ရှင်း၊ ကောင်းရှန့်၊ သခင်မဟိုင်ထန် မင်းတို့အားလုံး အချိန်မီ ရောက်လာတာပဲ... အလုပ်မပိုတော့ဘူး!"
သူ့နောက်ကို လိုက်လာတဲ့ ဒီရင်းနှီးတဲ့ မျက်နှာတွေကို မြင်လိုက်ရသော် လုရွှမ်က ပေါ့ပေါ့ပါးပါးလေး ပြုံးပြလိုက်လေသည်။
"အလုပ် မပိုတော့ဘူး? မင်းသေဖို့ နီးနေပြီဆိုတာ မသိဘူးလား?"
ဒီလူက လူတိုင်း ဝိုင်းနေတာကို ခံရသော်လည်း ကြောက်ရွံ့နေတဲ့ အသံတစ်စက်မှ ထွက်မလာတာကြောင့် မင်းသားချန်ရှင်းက မနေနိုင်စွာ မေးလိုက်သည်။
"ခေါင်းဆောင်ရှောင်း ခင်ဗျားဘာလို့ ဒီကောင်ြကို ဖမ်းထားရက်သားနဲ့ မလှုပ်ရှားတာလဲ?"
လူအုပ်ထဲမှာ တစ်စုံတစ်ယောက်က ဤမေးခွန်းကို ကြားသောအခါ ကူကယ်ရာမဲ့စွာဖြင့် ရှောင်းချင်ထျန်းကို မေးလိုက်သည်။
"သူတို့ မလုပ်ချင်လို့ မဟုတ်ဘူး... သူတို့လိုချင်တဲ့ ရတနာကို ငါဝှက်ထားပြီးသားလေ ငါ့ကို သတ်လိုက်ရင် ရတနာတစ်ခုမှ ရမှာမဟုတ်ဘူး"
လုရွှမ် မတ်တပ်ထရပ်ပြီး သူ့လက်ကောက်ဝတ်များကို လှည့်နေလိုက်သည်။
"ဖွက်ထားတာ?"
"ဘာမှမဖြစ်တဲ့ လူတစ်ယောက်လို ဒီမှာထိုင်ရဲတာ မဆန်းတော့ပါဘူး... မင်းက အစောကြီးကတည်းက အစီအရင် ရှိနေပြီကိုး"
YOU ARE READING
ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)
FantasyArc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ