Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

135 13 0
                                    

Chapter (130) Arc 4
ကြီးနိုင်ငယ်ညှင်း

ဝုန်း!

ပေါက်ကွဲသံနှင့်အတူ ဓားလျှိုကြီးထဲမှ ကောင်းကင်သို့ အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုးထွက်လာသော အလင်းရောင်က ပြိုးပြိုးပြက်ပြက် တောက်ပလျက် နဂါးအော်သံကဲ့သို့ တဟုန်ထိုး ထွက်လာသံတွေက အားမာန်အပြည့်နှင့်။ စွမ်းအင်များက လေထဲမှာ စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်သွားပြီး လူတစ်စုရှေ့မှာ ဆင်းသက်လာခဲ့သည်။

သူသည် ထူးထူးခြားခြား သိုင်းပညာဖြင့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ဖြစ်လေသည်။ အထူးသဖြင့် နက်နဲပြီး ထိုးဖောက်ဝင်ရောက်သည့် သူ့မျက်လုံး တစ်စုံပင်။

"အားလုံးပဲ မင်္ဂလာပါ ဒီနေရာက ဘယ်မှာလဲဆိုတာ မေးလို့ရမလား?"

လူငယ်သည် သဘာဝကျကျ လုရွှမ်ပဲ ဖြစ်သည်။ သူသည် ရွှေကျီးကန်း၏ လမ်းညွှန်မှု စအောက်တွင် တခြားလူများထံမှ တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်ခြင်းမရှိဘဲ ရေထဲတွင် နဂါးအရိုးကို ပေါင်းစပ်နိုင်ရန် အာရုံစိုက်ခဲ့သည်။

တစ်လပြီးနောက်တွင် လုရွှမ်သည် နောက်ဆုံးတွင် နဂါးအရိုးကို သူ၏ ရိုးတွင်းခြင်ဆီထဲသို့ ပေါင်းထည့်နိုင်ခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးခုန်သံနှင့်အတူ လုရွှမ်သည် ၎င်းကို အလွန်ရှင်းလင်းစွာ  ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက် ပျံ့နှံ့သွားသည်အထိ ခံစားနိုင်ခဲ့သည်။

ကျင့်​ကြံမှုအခြေခံသည် မသိလိုက်ဘဲ သူတော်စင်တစ်ပိုင်း အဆင့်၂ ရွှေခန္ဓာနယ်ပယ်သို့ ဖြတ်သွားခဲ့ပြီ။ ယေဘူယျအားဖြင့် သာမန် ရွှေခန္ဓာနယ်ပယ်နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် လုရွှမ်၏ ရွှေခန္ဓာနယ်ပယ်သည် အမှန်တကယ်ပင် ရွှေရောင်ကိုယ်ခန္ဓာ အနေအထားဖြစ်ပြီး ခွန်အားသည် ထိုအဆင့်ရှိ သူတော်စင် တစ်ပိုင်းများထက် အားမနည်းတော့ချေ။

နဂါးနှလုံး ကဲ့သို့ပင် နဂါးအရိုး စိတ်ဝိညာဉ် စွမ်းအားအတွက် အထောက်အပံ့ များစွာမရှိသော်လည်း ဖြတ်လုနီးပါး ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သူ၏ ကျင့်​ကြံမှုအခြေခံသည် တိုးတက် ကောင်းမွန်လာကာ စိတ်ဝိညာဉ် စွမ်းအားကလည်း ၂၄အထိ ကြီးထွားလာခဲ့သည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Mar 07 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Opowieści tętniące życiem. Odkryj je teraz