Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း

215 20 4
                                    

Chapter (25) Arc 4
လက်ဝါးတစ်ချက်တည်း

"ဒါက ယွမ်စံအိမ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိပါဘူး... အရိပ်လူသတ်ခန်းမက အရေးပါတဲ့ လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ တာဝန် တောင်းဆိုမှုကို လက်ခံရရှိတဲ့အခါ ကျွန်တော်တို့ကို သီးသန့်ဆက်သွယ်ဖို့ လိုအပ်တယ်... ကျွန်တော်တို့က လုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်တွေကို အကဲဖြတ်ဖို့ လိုပါတယ်... တချို့တာဝန်တွေကိုတော့ လက်ခံလို့ မရပါဘူး"

"ဥပမာ တချို့ အထက်ပိုင်း ဧကရာဇ်အင်ပါယာကြီးတွေက လူတွေဆိုရင် သူတို့ကို မတော်တဆ ထိမိလိုက်တာနဲ့ အကြီးအကျယ် ဒုက္ခ ရောက်ရလိမ့်မယ်.... အစ်ကိုလုသာ ခန်းမသခင် ရာထူးကို သိမ်းပိုက်မယ်ဆိုရင် ကျွန်တော် သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကို ပြောပြနိုင်ပါတယ်"

ယန်လိထန်းက ဆက်လက် ရှင်းပြ​လေသည်။

"ညီလေးလု... အရိပ်လူသတ်ခန်းမက မြို့ထောင်ချီမဟာမိတ်က ထိပ်တန်းတပ်ဖွဲ့ ဆယ်ခုထဲမှာ ပါတယ်... တကယ်လို့ အကယ်၍ မင်းသာ အုပ်ချုပ်မယ်ဆိုရင် မြို့ထောင်ချီမဟာမိတ်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေခံစားနိုင်မှာ.... ဒါ တော်တော် ကံကောင်းတာနော်"

ရွှီရှင့်လုံက စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ဆိုလေသည်။

ဤစကားကို ပြောပြီးနောက် လုရွှမ် မြို့ထောင်ချီမဟာမိတ်ရဲ့ အကြောင်းတချိုကို နားလည်ခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းအား အင်အားစု အမျိုးမျိုးမှ အခိုင်အမာ ထိန်းချုပ်ထား​​သေးသည်။

ဤတပ်ဖွဲ့များ သီးသန့် ညှိနှိုင်းထားသည့် အမျိုးမျိုးသော စည်းမျဉ်းများကြောင့် မြို့ထောင်ချီမဟာမိတ်သည် ချောင်ချိသော ဧရိယာတွင် ပုံမှန်အစီအမံကို ထိန်းသိမ်းထားနိုင်ပြီး လုံးဝ ဖရိုဖရဲဖြစ်ရပ်တွေလည်း ဖြစ်လာမည် မဟုတ်ပေ။

"အစ်ကိုလုသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်နဲ့အတူ ယွမ်စံအိမ်ကို လိုက်ခဲ့လို့ ရပါတယ်။ အဓိက အင်အားစုအားလုံးရဲ့ ကိုယ်စားလှယ်တွေကို ခေါ်လိုက်မယ်.... ပြီးတော့ အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အခင်းအကျင်းကို ထိန်းချုပ်ဖို့ အချက်အချာကျတဲ့ နေရာကို အစ်ကိုလုကို တရားဝင် လွှဲပေးမယ်... ဒီလိုနည်းနဲ့ အစ်ကိုက အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် ဖြစ်လာလိမ့်မယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now