Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း

86 12 0
                                    

Chapter (123) Arc 4
လျှိုဝှက်မှော်အခင်းအကျင်း

လုရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။  သူမျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်ခဲ့ပြီ။ အမှန်တကယ်တော့ သူတော်စင် သားရဲဒီရေ မဟုတ်ပေ။

သူ​တော်စင် သားရဲများသည် သာမန် ဝိညာဥ်သားရဲများနှင့် မတူကြောင်း သိထားရမည်။ သူတို့၏ ဝိညာဉ်ရေး အသိဥာဏ်သည် အပြည့်အဝ အသက်ဝင်လာခဲ့ပြီးပြီ။ ၎င်းတို့သည် စကားမပြောနိုင်ရုံမှလွဲ၍ လူသားများနှင့် မတူပေ။

ဤကဲ့သို့ သားရဲဒီရေ တက်ရခြင်း အကြောင်းအရင်းမှာ သူတော်စင် သားရဲများ၌သာ ရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့ထက် သန်မာသော သူတော်စင် သားရဲများ၏ လိုက်ဖမ်းခြင်းကို ခံနေချိန်သာ ဖြစ်သည်။

ဤကဲ့သို့သော သေးငယ်သော အရပ်တွင် အပြင်ဘက်ထက် ဝိညာဥ်ချီအား ကောင်းသော်လည်း အဆင့်အတန်း မြင့်သော ဧကရာဇ်အင်ပါယာကဲ့သို့ ရက်စက် ကြမ်းကြုတ်မှု မရှိသောကြောင့် သဘာဝအားဖြင့် အဆင့်မြင့် သူတော်စင် သားရဲများကို မမွေးမြူနိုင်ပေ။

တစ်နည်းဆိုရသော် သားရဲဒီရေ ဖြစ်ပေါ်လာရန် အကြောင်း မရှိသလောက်ပင်။

အရူး ကျင့်​ကြံသူများသည် ဒီသားရဲဒီရေကြောင့် ကြောက်လန့်ပြီး ဆယ်ရက်ကြာအောင် ပြေးလွှားနေခဲ့ရကြောင်း တခြားလူတွေ သိသွားခဲ့လျှင် အမှန်ပင် ရှက်စရာ ကောင်းလိမ့်မည်။

ဟုန်ချောင် မျက်လုံးများကို ဂရုတစိုက် ဖွင့်လိုက်ရာ သူမခန္ဓာကိုယ်အတွင်း ပြင်းထန်သော စွမ်းအင်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသော်လည်း သူမမှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူမကို အလွန်အမင်းကြောက်လန့်စေသော သားရဲအလုံးအရင်းမှာ လုံးဝပေါ်မလာခဲ့ပေ။ သူမသည် အံ့အားသင့်စွာ လှည့်ပတ်ကြည့်ကာ ဝမ်းသာအားရ အော်ပြောလိုက်၏။

"အဟ.... နင်တကယ် မှားသွားပြီ... ဘာသားရဲအလုံးအရင်းမှ မရှိဘူး!"

ကျေနပ်နေတာလား!

ဒီ​ကောင်​မ​လေးရဲ့ စကား​တွေက တကယ်​ကို စိတ်​မ​ကောင်းစရာ ကောင်းလှ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now