Arc 4🗡37🗡တတိယနန်းတော်ပင်လယ်

147 20 0
                                    

Chapter (37) Arc 4
တတိယနန်းတော်ပင်လယ်

လုရွှမ်သည် နဂါးနှလုံးအတွက် မျှော်လင့်ချက် အပြည့် ရှိနေပြီ ဖြစ်သည်။

ဤအရာမှရရှိသော နဂါးဝိညာဉ်ကို ကျီးကန်းမှ စုပ်ယူသွားပြီ။ အစက ဒီနဂါးဝိညာဥ် ရှိနေပါက ရေအောက် မီတာသုံးသန်း အနက်တွင် ရပ်နေဖို့ ကြောက်မက်ဖွယ် ကောင်းသော်လည်း အခုတော့ လုံခြုံစွာ နေနိုင်ပြီ ဖြစ်သည်။

ဒါပေမဲ့ သူ့ရှေ့မှာ ယှဉ်လို့မရနိုင်တဲ့ ကြီးမားလှတဲ့ နဂါးနှလုံးကို ကြည့်လိုက်တော့ လုရွှမ်မှာ သူ့ရဲ့ ဦးရေပြားတွေတောင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဒီလိုအကောင်ကြီးကြီး နှလုံးက သူ့ခန္ဓာကိုယ်ထဲကို ဘယ်လို ဝင်ရောက်နိုင်မှာလဲ။

ပဟေဠိ မျက်လုံးများဖြင့် သူ့ခေါင်းထက်တွင် ပျံဝဲနေသော ကျီးကန်းကို မော့ကြည့်လိုက်၏။

ကျီးကန်းသည် သူ့မေးချင်တာကို သိတာကြောင့် ဝူးကနဲ အသံပေးကာ ကျောက်စိမ်းပြားထဲ ပြန်ဝင်သွားသည်။ အပြင်ဘက်မှာက ရေတွေနဲ့မို့ စကားပြောဖို့က အဆင်မပြေချေ။

"အေးလိုက်တာ! အရမ်း အေးတာပဲ! နှစ်တွေတောင် တော်တော် ကြာခဲ့ပြီ.... နောက်ဆုံးတော့ ငါ ပျော်ပျော်ကြီး ရေ​ပြန်ကူးနိုင်ပြီကွ!"

ကျောက်စိမ်းပြားထဲ ပြန်ရောက်တော့ ကျီးကန်းကြီးက ကျယ်လောင်စွာ အော်လိုက်လေသည်။

"မင်းရေကူးချင်ရင် အခွင့်အရေးတွေ အများကြီး ရှိတယ်.... အခုပြဿနာက ဒီနဂါးနှလုံးကို ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာပဲ!"

လုရွှမ်မှ မေးလိုက်သည်။

"ရိုးရှင်းတယ်... အရမ်းကို ရိုးရှင်းတယ်... မင်းလက်ညှိုးကို ဖြတ်လိုက် နဂါးနှလုံးပေါ်မှာ သွေးထွက်နေတဲ့ ဒဏ်ရာကို ဖိလိုက် .... နဂါးနှလုံးက မင်းရဲ့ခန္ဓာကိုယ်ထဲကို အလိုအလျောက် ဝင်ရောက်လာလိမ့်မယ်... ဖီးနစ်အမွေးနဲ့ ပေါင်းစပ်ဖို့ ငါသင်ပေးခဲ့တဲ့ နည်းလမ်းအတိုင်းသာ လုပ်....  မင်းလုပ်နိုင်လိမ့်မယ် ပြီးတော့ နဂါးနှလုံးနဲ့ ပေါင်းစပ်ပြီးရင် မင်းရဲ့တတိယ နန်းတော်ပင်လယ်လည်း ပွင့်လာမယ် တတိယနန်းတော်ပင်လယ် ပွင့်လာရင် ယွမ်ယန်ကျင့်စဥ် တတိယအဆင့်ကိုလည်း လေ့ကျင့်နိုင်ပြီ!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Unde poveștirile trăiesc. Descoperă acum