"သားသားအိပ်သွားတာ ကြာပြီလား ဖွားဖွား၊ နို့တောင်မတိုက်လိုက်ရဘူး"

သားဖြစ်သူအိပ်နေတဲ့အခန်းထဲကိုဝင်ကြည့်ပြီးမှသာ Baekhyun ထမင်းစားခန်းဆီလာတာဖြစ်သည်။

"အမလေး ဖွားမြစ်က ဗိုက်ဆာရင်ငြိမ်နေတတ်တာမဟုတ်ဘူး၊ ဖြည့်စွက်စာကျွေးပြီးမှ အိပ်သွားတာပါကွယ်၊ ဖွားမြေးလေးနို့တွေတင်းနေလို့လား"

"ဟို...နည်းနည်းပါ ဖွားဖွား"

"နိုးလာမှ နို့ဆာနေရင် အချိန်ခဏပေးပြီးတိုက်လိုက်ပေါ့၊ ကဲ ဖွားတို့ထမင်းစားကြရအောင်"

"ဟုတ်ကဲ့၊ ဒေါ်လေးမီရော"

"စားပါ့မယ်ကွယ်"

ထမင်းဝိုင်းမှာ လူသုံးယောက်တည်းသာရှိပေမယ့်လည်း တစ်ယောက်တည်းစားရတာမဟုတ်တာမို့ Barkhyun ထမင်းစားမြိန်ပါသည်။ဒီအချိန်ဆို ဦးလည်း နေ့လယ်စာစားနေလောက်ရောပေါ့။

လူကြီးနှစ်ယောက်နှင့်အတူ နေ့လယ်စာကိုတိတ်တဆိတ်စားပြီးသွားတော့ စာသင်ချိန်ပြန်မစခင် သားလေးအိပ်နေတဲ့အခန်းထဲကို Baekhyun နောက်တစ်ကြိမ်ထပ်သွားကြည့်သည်။

"နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာပါလား"

ပုခတ်ထဲမှာ ပိုးလို့ပက်လက်လေးလန်ပြီး အိပ်မောကျနေတဲ့သားသားကိုကြည့်ရင်း Baekhyun မှာချစ်မဝနိုင်ပါ။ပါးဖောင်းဖောင်းကိုအသာဖျစ်ညှစ်ရင်း အတင်းဖက်နမ်းချင်တဲ့စိတ်ကိုထိန်းထားရသည်။

"သားသား အိပ်ပုတ်လေး..."

ဆရာရောက်လာချိန်နီးပြီမို့ Baekhyun အခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။

အခန်းရှေ့ရောက်တော့ ဖွားဖွားနှင့်ဆုံသည်။ဖွားဖွားက သူ့မြစ်အိပ်နေတာကို ဆွယ်တာထိုးရင်းထိုင်စောင့်ပေးဖို့အတွက် အကုန်ပြင်ဆင်လာပါသည်။

"သားသားနိုးလို့ ဂျီနေရင် သားကိုလှမ်းခေါ်လိုက်နော် ဖွားဖွား"

"အေးပါကွယ်၊ သွားသွား တော်ကြာနေ ဆရာလာတော့မှာ"

"ဟုတ်ကဲ့"

Baekhyun ဧည့်ခန်းထဲကိုပြန်ထွက်လာရင်း စာပြန်နွှေးနေတုန်းမှာပင် စာသင်မည့်ဆရာကရောက်လာလေပြီ။

Perfect Love [onging]Where stories live. Discover now