11. The days without you

Mulai dari awal
                                    

ယံယံက ငြင်းဆန်လိုက်ပေမဲ့ ဉာဏ့် ရင်ထဲမှာ ပူတက်လာ၏ ။ တကယ်ရော ယံယံနှင့် ထိုမိန်းကလေးက ရိုးရိုးသားသား သူငယ်ချင်းတွေ ဟုတ်ရဲ့လား ။

" အဲဒါဆိုလဲ ငါတို့နဲ့ မိတ်ဆက်ပေးပါလား ပိုင်ဇေ "

" အေးလေ ... ရိုးရိုးသားသားဆိုရင် မိတ်ဆက်ပေးရမှာပေါ့ ... ဘာဖြစ်လို့ ငါတို့နဲ့ပေးမတွေ့ချင်ရတာလဲ ...အဲ့လောက်တောင် တွ့န့်တိုတာလား "

" မဟုတ်ပါဘူးဆိုကွာ ... မင်းတို့က စကားများလိုက်တာ "

ယံယံ့အသံက နည်းနည်းတင်းလာသဖြင့် အားမာန်တို့နှစ်ယောက် အသံတိတ်သွားကြသည် ။

ဉာဏ်ကတော့ သူတို့ပြောတာမမှားဘူးဟု ထင်သည်။ ရိုးရိုးသူငယ်ချင်းပဲဆို ယံယံက ဘာလို့အခုလို လျှို့ဝှက်ထားရတာလဲ။ ကျန်တဲ့သူတွေကို မပြောတာထားပါတော့။ သူတို့နှစ်ယောက်ကြားမှာတော့ ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူးမဟုတ်လား။

အဲဒီတစ်ယောက်က ယံယံ့အတွက် ဘယ်လောက်တောင် အရေးကြီးတဲ့သူမို့လို့လဲ။ အားမာန်တို့ပြောသလို တကယ်ပဲ ယံယံရဲ့ငယ်ချစ်ဦးလား။  ထားဝယ်ကိုပြန်တိုင်း ဉာဏ့်ကို တစ်ပတ်ဟုပြောလျှင် ဆယ်ရောက်လောက်ကြာတတ်ပြီး၊ ဆယ်ရက်ဆို တစ်လလောက်ကြာတတ်တာ အဲဒီမိန်းကလေးကြောင့်လား။

ဉာဏ် ထမင်းဆက်စားနေရသော်လည်း သူ့စိတ်တွေရောလက်တွေပါ တုန်ယင်လာသည်။ ကိုင်ထားသည့်ဇွန်းတောင် ပြုတ်ကျချင်ချင်ပါ။ သော်ဇင်က ဘေးကနေ ဉာဏ့်ကိုပဲကြည့်နေသဖြင့် မသိသာအောင် ဟန်မပြတ် ဆက်နေရင်း

" မင်းသွားစရာရှိရင် ဆိုင်ကယ်ယူထားလိုက်လေ ပိုင်ဇေ ... ငါက သော်ဇင်နဲ့ သွားလိုက်မယ် "

" မယူတော့ဘူး ဉာဏ် ....မင်းပဲစီးသွားလိုက်တော့ "

" အိုခေ ... ဒါဆို ငါ အခုသွားနှင့်ပြီ .... စာကြည့်တိုက်ထဲ စာအုပ်ရှာစရာလေးရှိလို့  "

ယံယံက ညနေကျမှ အတူမပြန်ဘူးပြောပေမဲ့ ဉာဏ်က အခုကတည်းက ထသွား၏။ ဒါ ပုံမှန်တော့ မဟုတ်ဘူးဆိုတာ ယံယံသိပါသည်။ ယံယံလည်း ထမင်းဆက်စားချင်စိတ်မရှိတော့ပါ။

ထွက်သွားသည့်ကျောပြင်နောက်ကို ပြေးလိုက်ပြီး ခုနကစကားတွေကို မယုံဖို့သာ ရှင်းပြချင်မိသည်။

My Youth Was Yours  ( Completed )Tempat cerita menjadi hidup. Temukan sekarang