21. Meet me in the pouring rain ( Final part )

1.5K 134 23
                                    

( Uni )

ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ ယံယံ တစ်ယောက်တည်း ခြေဦးတည့်ရာ ပြေးထွက်လာခဲ့မိသည်။ အိမ်ကိုလည်း ပြန်လို့မရ။ ဉာဏ်က နောက်ကလိုက်လာလျှင် တွေ့သွားနိုင်သည်။ တစ်နေ့နေ့မှာ လက်လွှတ်ပေးရမည့်လူကို ထပ်ပြီးမျက်နှာချင်းဆိုင်ဖို့အင်အား ယံယံ့မှာ မရှိတော့ပါ။

' ဒီလိုသာထပ်ဝေးရမယ်မှန်း ကြိုသိခဲ့ရင် ငါမင်းနဲ့ ပြန်နီးစပ်ဖို့ ကြိုးစားခဲ့မိမှာမဟုတ်ဘူး ဉာဏ်...အခု ငါ ဘာဆက်လုပ်ရမလဲဟင် ... ငါ မသိတော့ဘူး ...အကုန်လုံးကိုမေ့ပြီး ငါရူးသွားရင်ကောင်းမှာပဲ '

ဉာဏ်အောက်ထပ်ကို ပြန်ဆင်းလာတဲ့အချိန် ယံယံက မရှိတော့။ သူ့အမေကိုမေးကြည့်တော့လည်း မသိလိုက်ပါတဲ့။ ဘာလို့ ယံယံက ဘာမပြောညာမပြော ရုတ်တရက်ကြီး ပြန်သွားရတာလဲ။ သူ့ကားနှင့်အတူလိုက်လာတဲ့လူက ဘာအရေးကြီးကိစ္စပေါ်လာလို့ သူ့ကိုတောင် ဘာမှမပြောဘဲ အခုလို ခြေလျင်ထသွားရတာလဲ။

ဉာဏ်ဖုန်းဆက်ကြည့်တော့ ဖုန်းကိုင်တဲ့သူက ယံယံမဟုတ်ပါ။

" Hello "

" Daniel.... မင်းပါပါးရော ...ဘာလို့ဖုန်းက မင်းဆီရောက်နေတာလဲ "

" ပါပါးက ဒယ်ဒီနဲ့ တူတူလိုက်သွားတာလေ ... ပါပါးဖုန်းက သားသား ဂိမ်းဆော့နေတာ "

" ဟုတ်လား .... အခု ပါပါးက မင်းတို့ဆီပြန်သွားတယ်... အဲ့ဒါ ပါပါးပြန်ရောက်ရင် ဒယ်ဒီ့ဆီဖုန်းဆက်ခိုင်းလိုက်နော် "

" ဟုတ်ကဲ့ ဒယ်ဒီ "

ဉာဏ် Danielကို ဖုန်းဆက်ရင်း ကိုယ့်ကိုယ်ကိုယ် ဒယ်ဒီလို့သုံးလိုက်တာကို မားက တအံ့တဩဖြင့်

" သား.... Danielလေးက သားကိုဘယ်လိုလုပ်... "

" အာ... မား...ဆောရီး...သား မားကို ပြောစရာရှိတယ် "

ဉာဏ် သူ့အမေလက်ကိုဆွဲပြီး ထိုင်ခုံပေါ်မှာ အရင်ထိုင်စေလိုက်သည်။ ဒါပေမဲ့ သူ့အမေကို သူ ဘယ်ကစပြောရမှန်းမသိ ။

" Danielက သားကို ဘာလို့ဒယ်ဒီလို့ခေါ်တာလဲ ဉာဏ် ...မားကို ရှင်းပြပါလား "

ယံယံနှင့် ပတ်သက်ပြီး ဘာမှမသိချင် မကြားချင်ပါဘူးဟု ပြောပြီး ထွက်သွားတဲ့ ဉာဏ်က အခု ယံယံနှင့် ပြန်အဆင်ပြေသွားသည့်အပြင် ယံယံ့သားကပါ ဉာဏ့်ကို ဒယ်ဒီလို့ခေါ်နေတာကို ဒေါ်ယမုံ ဘယ်လိုမှ နားမလည်တော့ပါ။

My Youth Was Yours  ( Completed )Where stories live. Discover now