( Uni )
" Idiot "
အတန်းထဲမှာ ဆရာအလာကိုစောင့်ရင်း ဖုန်းထဲဝင်လာသည့် messageကို ဖွင့်ကြည့်လိုက်ချိန် ဘောလုံးကွင်းထဲမှာ trainingဆင်းနေသည့် ယံယံတစ်ယောက် ပါးစပ်ဟပြီး မျက်နှာတစ်ခြမ်းကိုရှုံ့ပြထားသော ဓာတ်ပုံကိုတွေ့လိုက်ရသဖြင့် ဉာဏ် တိုးတိုးလေး ရေရွတ်လိုက်မိသည့်အမည် ။
ကွင်းလယ်မှာထိုင်နေပြီး ဆံပင်တွေက လက်နှင့်ဖွထားသဖြင့် ထိုးထိုးထောင်ထောင်ဖြစ်ကာ မျက်နှာပေါ်က ချွေးစက်လေးများပါ အထင်းသားမြင်နေရပေမဲ့ ယံယံက သဘောကျသည့်အရာကို လုပ်နေရတာမို့ နည်းနည်းမှပင်ပန်းပုံမရပါ ။
ဉာဏ်လည်း သူ့ဆီပို့လိုက်သောပုံကို zoom in zoom out လုပ်ကြည့်ပြီး ပြုံးနေမိတာ နှုတ်ခမ်းတွေပင် နားရွက် ချိတ်တော့မတက်။ ပြီးတော့ နောက်ထပ်စာတစ်စောင် ထပ်ဝင်လာသည်။
' မင်း ငါ့ကို လွမ်းနေမှာစိုးလို့ ဉာဏ်လင်းထင် '
ယံယံက အပြင် ကလပ်အသင်းတစ်ခုမှာ ကစားနေသဖြင့် trainingရှိသည့်ရက်တွေဆို ကျောင်းမတက်ပါ။ အခုလည်း မနက်ဖြန် ယံယံတို့အသင်း ပြိုင်ပွဲမှာကန်ရမှာမို့ ပြီးခဲ့တဲ့သုံးရက်စလုံး campဝင်နေရသဖြင့် အဆောင်မှာတောင် ပြန်လာမအိပ်နိုင်။ သို့သော်လည်း ညဘက်မအိပ်မချင်း ဥာဏ့်ဆီကို ဖုန်းခေါ်လိုက် စာပို့လိုက် လုပ်တတ်သဖြင့် ဉာဏ် သိပ်တော့အထီးမကျန်ပါ။
ဒါပေမဲ့ အနားမှာမရှိဘဲ ဖုန်းထဲကအသံကို ကြားရတာက ပိုပြီးလွမ်းစရာကောင်းတာတော့အမှန်ပင် ။
ဉာဏ် : ကျေးဇူးပဲ ။ ငါအိပ်ချင်ပြေသွားတဲ့အတွက် 555
ယံယံ : မင်း အခု ဘာလုပ်နေတာလဲ ။
ဉာဏ် : ဆရာ မလာသေးလို့ ထိုင်နေတာ ။
တကယ်တော့ ဉာဏ် ယံယံ့ဆီကို လူကိုယ်တိုင် သွားတွေ့ချင်နေတာပါ ။
ယံယံ : ဘေးမှာ ဘယ်သူရှိလဲ ။
ဉာဏ် : တခြားကျောင်းသားတွေရှိတယ်လေ။ သော်ဇင်ရောပဲ ။ ဘာလို့မေးတာလဲ ။
ယံယံ : ငါ မင်းမျက်နှာမြင်ချင်လို့ video call ခေါ်မလို့။ တခြားသူတွေရှိနေတော့ တော်ပါပြီ ။
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^