2031------2040
102 3 0
အခန်း(၂၀၃၁) ဆုံးမရမယ်
ပြင်းထန်သော တိုက်ပွဲတစ်ခုနောက်တွင် အမှောင်ခန်းမမှ လူများနှင့် ရှေးခေတ်ဟောင်း သားရဲရိုင်းများ အားလုံး အသတ်ခံခဲ့ကြရသည်။
၎င်းမှာ အစုလိုက်အပြုံလိုက် သုတ်သင်မှုတစ်ခုပင်။ ချူဖုန်းဦးဆောင်သည့် ကျောက်တုံးသတ္တဝါ တပ်ဖွဲ့က အမှောင်ခန်းမ၏ တပ်ဖွဲ့ကို ဆုံးရှုံးမှုမရှိဘဲ အနိုင်ရခဲ့သည်။
''စောင့်ကြ''
ချူဖုန်းက အော်ပြောလိုက်၏။
သူ အမိန့်ပေးလိုက်ပြီးနောက် ထိုကျောက်တုံးသတ္တဝါများက နတ်သူငယ်နယ်မြေကို ဝိုင်းရံထားလိုက်ကြသည်။ ၎င်းတို့က ဤနေရာကို အစောင့်များကဲ့သို့ ကာကွယ်လာကြသည်။
ဤမြင်ကွင်းကို မြင်လျှင် ရှေးခေတ်ဟောင်း နတ်သူငယ်အားလုံးမှာ အံ့ဩတုန်လှုပ်သော အမူအရာများကို လှစ်ဟလာကြသည်။ ချူဖုန်းထံ လှမ်းကြည့်နေသည့် သူတို့၏ အကြည့်များမှာ လေးစားမှုဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ကျောက်တုံးသတ္တဝါ တပ်ဖွဲ့က ချူဖုန်း၏ အမိန့်ကို လိုက်နာခဲ့ကြသည်။ ၎င်းကား အလွန့်အလွန် မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ခုပင်။
''ချူဖုန်း၊ ဒီကျောက်တုံးသတ္တဝါတွေကို ရှင် ဘယ်နေရာက ရခဲ့တာလဲ … သူတို့က တကယ်ကို ဒီလောက် စွမ်းအားကောင်းကြတာလား''
ထိုခဏ၌ ကျန်ရှေးခေတ်ဟောင်း နတ်သူငယ်များ မဆိုထားနှင့်၊ မင်းသမီးလေး ရှန်းမြောင်မြောင်ပင် အံ့အားသင့်နေခဲ့သည်။
''အဲဒါက ဇာတ်လမ်းရှည်တစ်ခုပါ … ကျုပ်က ဓာတ်ငါးပါး လျှို့ဝှက်သိုင်းကွက်တွေရဲ့ ပဟေဠိကို ဖြေရှင်းခဲ့တယ် … အဲဒီမှာ ရှိနေတဲ့ ရတနာတွေက ဒီကျောက်တုံးတပ်ဖွဲ့ပဲ''
ချူဖုန်းက ပြောလိုက်သည်။
''ရှင်က ဓာတ်ငါးပါး လျှို့ဝှက်သိုင်းကွက်တွေရဲ့ ပဟေဠိကို တကယ် ဖြေရှင်းခဲ့တယ်ပေါ့ … ဘုရားရေ … ရှင်က အံ့ဩဖို့ကောင်းလွန်းပါတယ်''
ထိုစကားများကို ကြားလျှင် ရှန်းမြောင်မြောင်က အလွန် အံ့အားသင့်သော အမူအရာတစ်ခုကို လှစ်ဟလာသည်။
''မြောင်မြောင်၊ ကျုပ်ပြောတာကို နားထောင်ပါ … လောလောဆယ် ဒီကျောက်တုံးတပ်ဖွဲ့ တစ်ခုလုံးက ကျုပ်ရဲ့ အမိန့်တွေကို နာခံကြတယ် … ဒါပေမဲ့ ကျုပ်က တံဆိပ်ပြား ဆယ့်ခုနစ်ခု ဖန်တီးထားတယ် … တစ်ယောက်ယောက်က တံဆိပ်ပြားတစ်ခုကို သူ့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုအောင် သွေးသစ္စာ ပြုလိုက်တာနဲ့ ကျောက်တုံးတပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းကို အမိန့်ပေးနိုင်လိမ့်မယ်''