1951------1960

94 5 0
                                    

အခန်း(၁၉၅၁) ကောင်းကင်ဘုံသို့ လမ်းကြောင်း

''ဝေါင်း …''
အတော် ကြာမြင့်ပြီးနောက် ချူဖုန်းထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်လျှင် ချီလင်က အနည်းငယ် စိတ်ချသော အမူအရာတစ်ခုကို လှစ်ဟလာသည်။ ထို့နောက် ၎င်းက မတူညီသော ဟိန်းဟောက်သံတစ်မျိုးကို ဖွင့်ဟလိုက်သည်။ ၎င်း၏ အောင်မြင်မှုကို ကြေညာနေသကဲ့သို့ပင်။

''ချွမ်း …''
ထိုခဏ၌ မီးလျှံပင်လယ်ထံမှ အေးစက်သော အလင်းတစ်ခု ရုတ်တရက် ပြေးထွက်လာသည်။

၎င်းကို မြင်လျှင် ချီလင် အံ့အားသင့်သွား၏။ ၎င်းက ထပ်မံ၍ ပါးစပ်ဟလိုက်ပြီး နောက်ထပ် ရွှေရောင် အလင်းစက်လုံးတစ်လုံး ပစ်လွှတ်ရန် ကြံရွယ်လိုက်သည်။

သို့သော် အလင်းက မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း၌ ၎င်းက ချီလင်၏ လည်မျိုထံ ရောက်ရှိလာပြီး ချီလင်၏ လှုပ်ရှားမှုများကို ပိတ်ပင်ထားလိုက်သည်။ ချီလင်မှာ နောက်ထပ် ရွှေရောင် အလင်းစက်လုံးကို ပစ်လွှတ်ရန် အခွင့်အရေး မရခဲ့ပေ။

၎င်းကား ချူဖုန်းပင်။ သူက သူ့လက်တွင်းရှိ ကောင်းကင် အင်မော်တယ်ဓားနှင့်အတူ မီးလျှံပင်လယ်မှ ဖောက်ထွက်ခဲ့ခြင်း ဖြစ်သည်။ ယခု သူ၏ ကောင်းကင်အင်မော်တယ်ဓားက ချီလင်၏ လည်မျိုထံ ချိန်ရွယ်ထားခဲ့သည်။

ချူဖုန်းမှာ အနည်းငယ်မျှ ဒဏ်ရာမရခဲ့ပေ။ သူက မဟူရာလိပ်ချပ်ဝတ် နည်းစနစ်နှင့် ဟင်္သပဒါးငှက် ပြန်လည်သက်ဝင် နည်းစနစ်တို့ကို အသုံးပြုခြင်းဖြင့် ဤကိစ္စကို စွမ်းဆောင်ခဲ့သည်။

စောစောပိုင်းက စိတ်မချမ်းမြေ့ဖွယ် အော်သံများမှာ ချူဖုန်း ရည်ရွယ်ချက်ရှိရှိ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ၎င်း၏ သတိထားမှုကို ချီလင် လျှော့ချစေရန်ပင်။

''ရောင်းရင်းလေး၊ စစ်ပွဲမှာ ပရိယာယ် ပိုလွန်းတယ်ဆိုတာ လုံးဝ မရှိနိုင်ဘူး … နောက်တစ်ခါဆို အဲဒါကို မှတ်ထားပါ''
ချူဖုန်းက တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက ချီလင်ကို နှိမ်နင်းခဲ့သည့်တိုင် ၎င်းကို မသတ်ခဲ့ပေ။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now