2021-----2030ဘာသာပြန်စာရေးဆရာပြောတဲ့စာတွေမဖျက်ထားပါဘူး

69 2 0
                                    

အခန်း(၂၀၂၁) အံ့ဖွယ်ကျောက်တုံး တာအိုမြေ

''ချူဖုန်းကို ကျုပ်တို့တပည့်အဖြစ် ရထားတာ တကယ်ကို ကျုပ်တို့ စန္ဒကူးတောင်ရဲ့ ကံကောင်းမှုပါပဲ''
ထိုခဏ၌ တုကူးရှင်ဖုန်းလည်း အလွန့်အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့၏ စန္ဒကူးတောင်သို့ ချူဖုန်း ပထမဆုံး ဝင်ရောက်ခဲ့သည့် ယခင်အချိန်တွင် သေးနုပ်၍ အားနည်းလွန်းခဲ့သည်။ စန္ဒကူးတောင် အပြင်ဘက်ရှိ ဘီလူးကြီးများ မဆိုထားနှင့်၊ စန္ဒကူးတောင်ရှိ အကြီးအကဲ အများအပြားကပင် ချူဖုန်းကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိခဲ့ကြသည်။

ထိုအချိန်၌ သူက ချူဖုန်း၏ ပါရမီကြောင့် ဆွဲဆောင်ခံခဲ့ရသည့်တိုင် နှစ်အနည်းငယ်အတွင်း ချူဖုန်း ဤမျှ ဖွံ့ဖြိုးလာပြီး ဤမျှ စွမ်းအားကောင်းလာမည်ဟု သူ စိတ်မကူးမိခဲ့ပေ။

''အင်''
ရုတ်တရက် တုကူးရှင်ဖုန်း၏ အမူအရာ ပြောင်းလဲသွား၏။ မဟာစိတ်ဝိညာဉ် အစီအရင်စည်းကို ခင်းကျင်းထားပြီး လက်နက်သန့်စင်မှု အင်မော်တယ်နှင့် ကျန်သူများပင် ဤနေရာတွင် ရှိနေစဉ် မည်သည့်အတွက် ချူဖုန်းကို မတွေ့ရသနည်း။

ဝေခွဲမရသည့် တုကူးရှင်ဖုန်းက လူအုပ်ထံ မေးမြန်းလိုက်သည်။
''သခင်တို့၊ ချူဖုန်းက ဘယ်မှာလဲဗျ''

''မိတ်ဆွေလေးချူဖုန်းက ဒီစိတ်ဝိညာဉ် အစီအရင်စည်းကို ခင်းကျင်းဖို့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား အားလုံးနီးပါးကို သုံးခဲ့တယ် … လောလောဆယ် သူ့ကျန်းမာရေးက အတော် အားနည်းနေတယ် … သူ ပြန်ကောင်းဖို့ အချိန်နည်းနည်းလောက် အနားယူရမယ့်ပုံပဲ''
လက်နက်သန့်စင်မှု အင်မော်တယ်က ပြောလိုက်ခြင်း ဖြစ်သည်။

ထိုစကားများကို လက်နက်သန့်စင်မှု အင်မော်တယ် ပြောလိုက်ချိန်တွင် အနန္တအင်မော်တယ်နှင့် ကျန်းမင်တို့က ရှက်ရွံ့သော အမူအရာများကို လှစ်ဟလာကြသည်။

ဝါအရဆိုလျှင် သူတို့နှစ်ဦးစလုံးမှာ ချူဖုန်း၏ စီနီယာများ ဖြစ်ကြသည်။

အရည်အချင်းအရဆိုလျှင် သူတို့က လွန်ခဲ့သော နှစ်ထောင်ချီကတည်းက ကျော်ကြားလာခဲ့ကြသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now