1831--------1840

87 7 0
                                    

အခန်း(၁၈၃၁) ကြောက်လန့်ဖွယ်ကောင်းသော ချာတိတ်

''ရွှယ်ရန်၊ မင်း ဘာပြောလိုက်တယ် … မင်း အခု ပြောတာကို ပြန်ပြောပြစမ်းပါ''
စစ်ပွဲအုပ်စု၏ အကြီးအကဲတစ်ဦးက မယုံနိုင်သော အမူအရာတစ်ခုကို လှစ်ဟလာသည်။

''အကြီးအကဲသခင်၊ ချူဖုန်းက နဂါးဘုရင်သခင်ရဲ့ အမွေကို သိမ်းပိုက်ပြီး မင်းသမီးထင်းယွီနဲ့ စီနီယာတွေကိုပါ သတ်ခဲ့ပါတယ် … စီနီယာတွေက ကျုပ်ကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြလို့သာ ကျုပ် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့တာပါ''
ယောင်ကျောက်ရွှယ်ရန်က ပြောလိုက်သည်။

''မင်းက ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ … ချူဖုန်းက အဆင့်ခုနစ် သိုင်းဧကရာဇ်ငယ် တစ်ယောက်ပဲ … သူက သူတို့ကို ဘယ်လို သတ်နိုင်မှာလဲ''
အခြားသူများ မဆိုထားနှင့်၊ စစ်ပွဲအုပ်စုမှ အကြီးအကဲနှစ်ဦးပင် ယောင်ကျောက်ရွှယ်ရန်ကို မယုံကြည်ကြပေ။ တကယ်တမ်းတွင်လည်း အဆင့်တစ် သိုင်းဧကရာဇ် သုံးဦးအပြင် အဆင့်နှစ် သိုင်းဧကရာဇ် တစ်ဦးလည်း သူတို့နှင့်အတူ လိုက်ပါသွားခဲ့သည် မဟုတ်ပါလော။

''အကြီးအကဲသခင်၊ ကျုပ် မညာတာ အမှန်ပါ … ချူဖုန်းက သူ့ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့တယ် … သူ့ရဲ့ အစစ်အမှန် ကျင့်ကြံမှုက သိုင်းဧကရာဇ်ငယ် အဆင့်ရှစ်ပါ … ဒါ့အပြင် သူက သူ့ရဲ့ ကျင့်ကြံမှုကို လျှပ်စီးချပ်ဝတ်တစ်ခုနဲ့ လျှပ်စီးတောင်ပံ တစ်စုံနဲ့အတူ နှစ်ဆင့်လုံးလုံး မြင့်မားစေနိုင်တဲ့ အစွမ်းတစ်မျိုးကို ကျင့်ကြံထားတယ်''

''သူ့ရဲ့ ကျင့်ကြံမှု နှစ်ဆင့်မြင့်သွားတဲ့နောက်မှာ သူက အဆင့်တစ် သိုင်းဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့တယ် … ဒါ့အပြင် သူက အရမ်း ယုတ်မာတဲ့ နည်းလမ်းတစ်ခုကို သုံးပြီး နဂါးဘုရင်သခင်ရဲ့ ဂူသချိုင်းထဲက ယန္တရားတွေကို နိုးကြားစေခဲ့တယ် … ဒါကြောင့် စီနီယာတွေတောင် သူ့ကို မယှဉ်နိုင်ခဲ့ကြဘူး''
ယောင်ကျောက်ရွှယ်ရန်က ပြောလိုက်သည်။

''အဲဒီ လူယုတ်မာ''
ထိုစကားများကို ကြားလျှင် မျက်မှောက်ရှိနေသည့် နဂါးဘုရင် သားရဲဘီလူးအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ထို့နောက် သူတို့က မယှဉ်သာအောင် ဒေါသထွက်နေသော အကြည့်များကို ပိုင်လိရွှမ်းခုံးနှင့် ဟုန်းချန်တို့ထံ ရွှေ့ပြောင်းလာကြသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Tempat cerita menjadi hidup. Temukan sekarang