1911--------1920

124 3 0
                                    

အခန်း(၁၉၁၁) ပြောင်းပြန်အကြေးခွံ နှိုးဆွခံရခြင်း

''ဘာတွေဖြစ်ခဲ့တာလဲ''
ကျန့်ဝူရှန်းကို နှစ်သိမ့်နေစဉ် ချူဖုန်းက ခေါင်းမော့လိုက်ပြီး နန်းကုံး ဧကရာဇ်မျိုးနွယ်စု၏ ထိုဝါရင့် အကြီးအကဲကို မေးမြန်းလိုက်သည်။

ထိုခဏ၌ ချူဖုန်း၏ အကြည့်က အနည်းငယ် စူးရှပြီး အေးစက်မှုဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းက အေးစက်သော အလင်းဖြင့် လှုပ်ခတ်နေသည့် ဓားသွားတစ်စင်းနှယ်ပင်။

ထိုဝါရင့် အကြီးအကဲထံ ချူဖုန်း ထိုမျှ ခက်ထန်စွာ လှမ်းကြည့်နေသည်မှာ ကျန့်ဝူရှန်း၏ လက်ရှိအခြေအနေက ထိုဝါရင့် အကြီးအကဲနှင့် ပတ်သက်နေသည်ဟု သူ ခံစားမိ၍ မဟုတ်ပါချေ။

ထိုအစား ၎င်းမှာ ယခင်အချိန်တွင် ထိုဝါရင့် အကြီးအကဲက သူ့ကို သတ်ရန် ကြိုးစားခဲ့၍ ဖြစ်သည်။ သူတို့ ကျေအေးခဲ့ကြသည့်တိုင် ချူဖုန်းတွင် သူ့အပေါ် အလွန့်အလွန် ဆိုးရွားသော အထင်အမြင်တစ်ခု ရှိနေဆဲပင်။ အထူးသဖြင့် သူ၏ စိတ်အခြေအနေ များစွာ ဆိုးရွားနေသည့် ယခုအချိန်တွင် သူ၏ သဘောထားလည်း ဆိုးရွားနေမည်မှာ သဘာဝကျပေသည်။

''မိတ်ဆွေလေးချူဖုန်း၊ ကျေးဇူးပြုပြီး ကျုပ်ကို အဲဒီလိုမျိုး မကြည့်ပါနဲ့ … ဘာဖြစ်ခဲ့သလဲ ကျုပ် တကယ် မသိပါဘူး … ဒီမိတ်ဆွေလေး ကျန့်ဝူရှန်းက ကျုပ်တို့ရဲ့ နန်းကုံး ဧကရာဇ်မျိုးနွယ်စုကို ပြေးလာပြီး မင်းကို ရှာချင်တယ်လို့ ပြောခဲ့တယ်''

''ဒါပေမဲ့ မင်း ဘယ်မှာရှိသလဲ ကျုပ် မသိခဲ့ဘူး … ဒါကြောင့် ကျုပ်က မင်း ဘယ်မှာရှိသလဲ လုံကျန့် သိမယ်ထင်လို့ လုံကျန့်ကို ရှာဖို့ သူ့ကို ခေါ်လာရုံပဲ တတ်နိုင်ခဲ့တယ်''

''ဒါပေမဲ့ လုံကျန့်မှာ တံခါးပိတ် ကျင့်ကြံဖို့ သူ သုံးနေကျ နေရာတွေ အများကြီး ရှိတယ် … ကျုပ်က သူ့ကို နေရာအတော်များများမှာ ရှာခဲ့ပြီး နောက်ဆုံးတော့ ဒီနေရာမှာ ရှာတွေ့ခဲ့တယ် … မင်းလည်း ဒီနေရာမှာ ရှိနေမယ်လို့ ကျုပ် လုံးဝ မမျှော်လင့်မိခဲ့ဘူး … ဒါက ကျုပ်ကို အတော် သက်သာစေခဲ့တယ်''

''တစ်ခုရှိတာက … ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မိတ်ဆွေလေးကျန့်ဝူရှန်းက ကျုပ်တို့ကို ပြောပြဖို့ ဆန္ဒမရှိခဲ့ဘူး … ဒါကြောင့် ကျုပ် … ကျုပ်လည်း ဘာဖြစ်ခဲ့သလဲ မသိပါဘူး''

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now