1861-------1870

97 5 0
                                    

အခန်း(၁၈၆၁) သိုင်းဧကရာဇ်ငယ် အဆင့်ကိုး

''မိတ်ဆွေလေးချူဖုန်း၊ ကျုပ်မှာ မင်းရဲ့ ကျင့်ကြံမှုကို ကာလတိုတစ်ခုကြာအောင် တစ်ဆင့်မြှင့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ် … သိုင်းဧကရာဇ်ငယ် အဆင့်ရှစ်ကနေ မင်းက အဆင့်ကိုး သိုင်းဧကရာဇ်ငယ်တစ်ယောက် ဖြစ်လာလိမ့်မယ်''

''ဒီနည်းလမ်းက ရှေးခေတ်ဟောင်းရဲ့ ဆေးလုံးတစ်လုံးအပေါ် အားပြုထားတယ် … အဲဒါက သိုင်းဧကရာဇ်ငယ်တွေ အတွက်ပဲ ထိရောက်ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်နဲ့ မင်း သုံးဖို့အတွက် သင့်လျော်နေတယ်''
သွမ့်ကျိတောင်းက ချူဖုန်းထံ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

ထိုစကားများကို ကြားလျှင် ချူဖုန်း တစ်စုံတစ်ရာ မပြောနိုင်မီ ဟုန်းချန်က စိတ်ပူဟန်ဖြင့် မေးလိုက်သည်။
''ဆေးလုံးလား … ဘေးထွက်ဆိုးကျိုးတစ်ခုခု ရှိလား''

ဟုန်းချန်လည်း ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦးပင်။ တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးများမှာ များသောအားဖြင့် ကြီးမားသော ဘေးထွက်ဆိုးကျိုးများနှင့် ယှဉ်တွဲနေကြောင်း သူ သိနေသည်။ ဤသည်မှာ ချူဖုန်း၏ ကျင့်ကြံမှုမျိုးနှင့် လူတစ်ဦးအတွက် အထူးသဖြင့် မှန်ကန်ပေသည်။ သူ၏ ကျင့်ကြံမှုကို တစ်ဆင့်မြှင့်ပေးနိုင်သည့် ဆေးလုံးတစ်လုံး ရှိနေခဲ့လျှင် ဒဏ်ပြန်မှုမှ ဝေဒနာမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

''အဲဒီဆေးလုံးကို မသုံးခင် စိတ်ဝိညာဉ် အစီအရင်စည်းတစ်ခုကို အရင်ဆုံး ခင်းကျင်းရမယ် … အဲဒီစိတ်ဝိညာဉ် အစီအရင်စည်းကို ဆေးလုံးနဲ့အတူ သုံးရင် ဘာဘေးထွက်ဆိုးကျိုးမှ ရှိမှာ မဟုတ်ဘူး''
သွမ့်ကျိတောင်းက ရှင်းပြလိုက်လေသည်။

''စီနီယာသွမ့်၊ အဲဒါကို စမ်းကြည့်ဖို့ ချူဖုန်း ဆန္ဒရှိပါတယ်''
ချူဖုန်းက ပြောလိုက်သည်။

ချူဖုန်းမှာ လက်ရှိတွင် အဆင့်ရှစ် သိုင်းဧကရာဇ်ငယ်တစ်ဦး ဖြစ်သည်။ သူ၏ နတ်လျှပ်စီးများ၏ စွမ်းအားအပေါ် အားပြုခြင်းဖြင့် သူက အဆင့်တစ် သိုင်းဧကရာဇ်တစ်ဦး ဖြစ်လာရန် သူ၏ ကျင့်ကြံမှုကို နှစ်ဆင့်မြှင့်နိုင်ပေသည်။ ထို့ပြင် သူက လေးဆင့်ကျော်နိုင်သော တိုက်ပွဲဝင်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သို့ဖြစ်၍ သူက အဆင့်နှစ် သိုင်းဧကရာဇ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now