1841------1850

71 5 0
                                    

အခန်း(၁၈၄၁) အတိတ်က အဖြစ်မှန်

ထို့နောက်တွင် စုန့်ယွိဟန်နှင့် သူ့ဖခင်တို့ကို သူတို့၏ ဒဏ်ရာများကို ကုသရန် ပို့ဆောင်လိုက်ကြသည်။

ချူဖုန်းနှင့် ဟုန်းချန်တို့အတွက်မူ ယင်ကုံးဖူက သူတို့ အနားယူနိုင်မည့် နေရာတစ်ခုသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ကျန့်ဝူရှန်းကား သူ၏ အပြစ်ဒဏ်ကို ခံယူရမည့် ကာလတွင် ရှိနေသေးသဖြင့် နေ့ရောညပါ ဆက်လက်၍ သတ္တုတူးနေရုံသာ တတ်နိုင်ပေသည်။

ထိုခဏ၌ ယင်ကုံးဖူက ချူဖုန်း၏ ဂေဟာသို့ တစ်ဦးတည်း ရောက်ရှိလာသည်။ သူ့တွင် ချူဖုန်းနှင့် ဆွေးနွေးရမည့် အရေးကြီးကိစ္စတစ်ခု ရှိနေသည် ဟူ၏။

''စီနီယာယင်၊ ဝူရှန်းက မမှန်မကန် စွပ်စွဲခံခဲ့ရတယ် … သူ့ကို အမှုဆင်ခဲ့တဲ့သူက စုန့်ယွိဟန်ကလွဲပြီး တခြားမရှိပါဘူး''
ချူဖုန်းက ယင်ကုံးဖူကို ပြောလိုက်သည်။

''ကျန့်ဝူရှန်းက မင်းကို အဲဒီအကြောင်း ပြောပြခဲ့တာလား''
ယင်ကုံးဖူက မေးလိုက်၏။

''စီနီယာ သိနေပြီးပြီပေါ့''
ချူဖုန်းက ပြန်မေးလိုက်၏။

''ဟုတ်တယ် … စုန့်ယွိဟန်နဲ့ သူ့အဖေက ကျန့်ဝူရှန်းကို အမှုဆင်ဖို့ အဲဒါတွေအားလုံးကို စီစဉ်ခဲ့ကြတာ ကျုပ် သိပြီးသားပါ … ဒါပေမဲ့ ဒီကိစ္စကို ကျုပ် ဘာမှ မတတ်နိုင်ဘူး''
ယင်ကုံးဖူက သက်ပြင်းချလိုက်သည်။

''စီနီယာ၊ ခင်ဗျားက ဒီနေရာရဲ့ တာဝန်ရှိသူပါ … ဘယ်လိုဖြစ်ပြီး ခင်ဗျားက ဒီကိစ္စကို ဘာမှ မတတ်နိုင်ရတာလဲ''
ချူဖုန်းက မေးလိုက်ပြန်သည်။

''မင်း မှားနေပြီ … ဒီနေရာရဲ့ အမှန်တကယ် တာဝန်ရှိတဲ့သူက သခင်သွမ့်ပါ … အရင်အချိန်မှာ ကျန့်ဝူရှန်းရဲ့ ကိစ္စကို သခင်သွမ့်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ … ဒါကြောင့် ကျုပ် ဘာမှ လုပ်လို့မရဘူး''
ယင်ကုံးဖူက ပြောလိုက်သည်။

''စီနီယာသွမ့်ကျိတောင်းက တကယ်ကို အမှားနဲ့အမှန် မခွဲခြားတတ်တဲ့ လူတစ်ယောက် ဖြစ်နေတာလား''
ချူဖုန်းက မေးလိုက်သည်။

''သခင်သွမ့်က အမှားနဲ့အမှန် မခွဲခြားတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး … အဲဒီအစား သူက ခွဲခြားဖို့ စိတ်ရှုပ်မခံချင်တဲ့ လူတစ်ယောက်ပါ … သူက စုန့်ယွိဟန်ရဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီး ကျန့်ဝူရှန်းကို မမှန်မကန် စွပ်စွဲခဲ့တဲ့ ပြစ်မှုနဲ့ ဝန်ပိမှာကိုလည်း မလိုလားခဲ့ဘူး''

သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း) အတွဲ(၂)Where stories live. Discover now