အပိုင်း(9)စာအုပ်

Zacznij od początku
                                    

" ရပါတယ် ကျောင်းသားတွေရဲ့ လုံခြုံရေးကအဓိကလေ ကျွန်မ မပင်းပန်ပါဘူး အမရဲ့ ဆုံးရှုံးမှုအတွက်လည်း စိတ်မကောင်းပါဘူးရှင့် "

ဆုံးရှုံးမှုဆိုတာ ဘာလဲ ငါမသိဘူး။ဆရာမ စာသင်ထားတဲ့အထဲမှာလည်းမပါဘူး။နောက် ၃  ၄ရက်လောက် ငါ ကျောင်းမသွားရဘူး။ဒါပေမယ့် မူကြိုကကလေးတွေဆီကနေ ကောက်ပေးတဲ့ ယန်း၅၀၀ တော့ရလိုက်တယ်။

အဲ့ ၃ ၄ရက်မှာ ငါထမင်းပုံမှန်စားရတယ် အသီးလည်းစားရတယ်။လူတွေကလည်း ငါ့ကို မုန့်ဖိုးပေးကြတယ်။ငါအရမ်းပျော်တာပဲ။ဒါပေမယ့် အမေကတော့ အရမ်းပင်းပန်နေပုံရတယ်။

ဒါကြောင့် ငါ အသီးနည်းနည်းယူပြီ ငါ့အမေကို ခိုးကျွေးလိုက်တယ်။ငါ့အမေက အမြဲ ပြုံးနေကြပုံစံအတိုင်းပြုံးမယ်လို့ ထင်ထားပင့်မယ့် ငါ့အမေက  ငါ့   ကိုဖတ်ပြီး ငိုနေခဲ့တယ်။

ဘာကြောင့်လဲ။ငါယူလာတဲ့ လိမော်သီးက အရမ်းချဥ်သွားလို့လား။

..........

လူတွေအကုန် သူ့အိမ်သူပြန်သွားကြတဲ့အချိန် ငါလည်း ကျောင်းမတက်ရတော့ဘူး။အမေက မနတ်စောစော အိမ်ကထွက်ပြီ အပြင်မှာ လယ်စိုက်တယ်။ငါ့အတွက် မနတ်စားကို မနေ့က ဟင်းနဲ့ ထမင်းအကျန်ပဲ။

အရမ်းစားလို့ကောင်းတယ်။အဲ့နောက်ပိုင်းတွေမှာ ငါတစ်နေ့ကုန်အောင် အိမ်မှာဆော့တယ်။အမေကတော့ ညနေရီတရောမှာ ပြန်လာတက်တယ်။ငါ့အမေက အဖေနဲ့ရှိတုန်းကထပ်ပိုပြီး အရွယ်ရင့်လာတယ်လို့ ငါခံစားရတယ်။

တစ်ပတ်လောက်နေတော့ ငါ့အဖေရဲ့အမတွေရောက်လာပြန်တယ်။သူတို့က အမေမလုပ်ချင်တဲ့အရာတစ်ခုကို အတင်းလုပ်ခိုင်းနေပုံရပင့်မယ့် ငါသူတို့ပြောတာကို နားမလည်ဘူး။

သူတို့ပြောတာကတော့ ' နင့်ကောင်းစားဖို့ ငါတို့ကပြောနေတာလေ နင်ဘာလို့ လက်မခံနိုင်ရတာလဲ နင်နဲ့နင်သား ငါ့မောင်သေသွားကတည်းက ဘာလုပ်တက်လို့လဲ နောက်ပြီ နင့်သားက ငါ့မောင်သွေးသားမဟုတ်တာတောင် ငါတို့လက်ခံပေးထားတာကို နင်က ကျေးဇူးကမ်းချင်တာလား '

'အဲ့လိုမဟုတ်ပါဘူး အစ်ကိုဆုံးတာမှ တစ်ပတ်ပဲရှိသေးတယ်  ကျွန်မထင်တာ.....'

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Opowieści tętniące życiem. Odkryj je teraz