"မင်းကို ဒယ်ဒီက နစ်နာကြေးပေးရအုံးမယ်ပေါ့....မင်းကုမ္ပဏီက အလွဲသုံးစား လုပ်ထားတဲ့ဟာတွေ အဲ့တာကို ဘယ်လို ပြန်ဆပ်မှာလဲ"

"အို....ဘာဆိုင်လဲ....အိမ်ထောင်တခု ကွာရှင်းရင်တော့ နစ်နာကြေးဆိုတာသက်သက် ပေးရမှာဘဲလေ"

"မပေးနိုင်ဘူး!!"

Parkသခင်ကြီး ဝင်ပြောလိုက်တာကြောင့် Mihee Parkသခင်ကြီးကို ကြည့်လိုက်သည်။

"နစ်နာကြေးပေးရအောင်လဲ မင်းနဲ့ငါနဲ့ လက်ထပ်ခဲ့တာဘဲ ရှိတာ မင်းကို ထိတောင် မထိခဲ့ဘူး.....ပြီးတော့ မင်းကတောင် ငါ့ကို ပြန်ပေးရအုံးမယ်မလား.......လိုချင်ရင်တော့ ထပ်ပြီး တရားရင်ဆိုင်မယ်"

"ရှင်.....ရှင်"

"ငါမူးနေတုန်း အသိစိတ်လွတ်နေတုန်း ဖြစ်ခဲ့လား မဖြစ်ခဲ့လား မသိတဲ့ ကိစ္စတခုကို တာဝန်ယူပေးခဲ့ပြီး....အခုထိ မင်းကိုလုပ်ပိုင်ခွင်ပေးထားတာတောင် အေးဆေးမနေဘဲ ငါ့သားထိ မှန်းရဲတဲ့ မိန်းမကို ငါက နစ်နာကြေးပေးရအုံးမှာလား...."

Parkသခင်ကြီးက ပြောပြီးတာနဲ့ ရှေ့နေကြီး ပေးတဲ့ စာရွက်တွေမှာ လက်မှတ်ထိုးလိုက်သည်။

"ရော့ မင်းလက်မှတ်ဘဲ လိုတော့တယ်"

Miheeဒေါသတွေထွက်ကာ အံကြိတ်ထားမိသည်။
လူပါးဝတဲ့ ဟာတွေ.....လက်မှတ်မထိုးရင်လဲ တရားစွဲခံရမှာ.......နေနှင့်အုံးပေါ့...

Miheeလက်မှတ်ထိုးလိုက်ပြီး ရှေ့နေ့လက်မှတ်နဲ့ပါ အပါအဝင်အဝင် ကွာရှင်းတာ အထမြောက်သွားသည်။

"ထပ်လာပြီး မပက်သတ်ဖို့ မျှော်လင့်ပါတယ်"

"Miheeလေ အဟင့်.....တောင်းပန်ပါတယ်.....ဖြစ်ခဲ့သမျှ အရာရာ တောင်းပန်ပါတယ်....Miheeကို နေစရာလေတော့ ပေးပါနော်"

Miheeမျက်ရည်အတုတွေနဲ့ Parkသခင်ကြီးကို ပန်းနုသွေးပြန်သည်။

"နေစရာလား ပေးမှာပါ ခဏလေးဘဲ စောင့်"

"တစ်ကယ်လားဟင်"

Parkသခင်ကြီး စကားကြောင့် Miheeပျော်သွားသည်။သူမာယာလေး နဲနဲသုံးလိုက်ရင် မနေနိုင်ပါဘူး...

ဒုန်းးးးး

ထိုစဉ် တခါးပွင့်လာပြီး ရဲနဲ့ ရဲမေများ ဝင်လာသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWo Geschichten leben. Entdecke jetzt