Ep.....2

264 27 8
                                    

Zawgyi❣️

Beakhyun ပင်လယ်ထဲ ဆင်းဖို့ လိုအပ်တာတွေ ယူပြီး ထွက်လာလိုက်သည်။ သူတို့အိမ်နဲ့ ပင်လယ်နဲ့က နဲနဲတော့ လှမ်းသည်။ဟိုအရင်တုန်းကတော့ သူတို့ရွာလေးက  ပင်လယ်နဲ့နီးသည်။ ပင်လယ်ရဲ့အရှေ့ဘက်မှာ ဖြစ်တာမို့ ရေ ခဏခဏ လွှ မ်းမိုးခြင်းခံရလို့ ရွာက ပင်လယ်နဲ့ အလှမ်းဝေးသွားခြင်းဖြစ်သည်။

"yarrr beakhyun"

ပင်လယ်နားရောက်တော့ သူ့ပခုံးပြေးဖက်တဲ့ kaiကြောင့် beakhyun အင့်ကနဲတောင် အသံထွက်သွားသည်။

"ဒီနေ့ Kim Kaiတို့ စောနေပါလား ....ဘာလဲ အလန်းလေးတွေ လာလို့လား"

"right!!!ဟဲဟဲ  ပင်လယ်ထဲ ဓာတ်ပုံ ရိုက်မလို့တဲ့ ....ငါ့စက်လှေငှားလို့ လိုက်လာတာ"

"အဲ့ဒါကြောင့် မျက်နှာက ငါးရံ့ပြာလူးဖြစ်နေတာကို....ပြစမ်းပါအူံး ငါ့လဲ အလန်းလေးတွေ ငမ်းရအောင်"

"ဟိုးးးမှာ ဘယ်လောက် မျက်စိပဒေသာဖြစ်လိုက်လဲ"

kai ညွှန်ပြလိုက်တဲ့ ဆီ ကြည့်လိုက်တော့ ဘစ်ကနီ အနီလေး နဲ့ ပန်းရောင်လေး ဝတ်ထားတဲ့ ကောင်မလေး နှစ်ယောက် suncream လိမ်းနေကြသည်။ လှတာတော့ အတော်လှကြသည်။

ပင်လယ်က အပြာရောင် သမ်းနေပြီး ရူခင်း လှလွန်းတာမို့ ခရီးသွားတွေ လာတတ်ကြတာ မစမ်းပေ။ဒီပင်လယ်က ပင်လယ်နားက ရွာတွေရဲ့ အားကိုးလဲ ဖြစ်သည်။

နေက မြင့်လာတော့မှာမလို့ ပင်လယ်ထဲ ဆင်းဖို့ kaiကို နှု
တ်ဆက်ဖို့ လုပ်တော့ ငနဲသားက သရေ တမြားမြားနဲ့ ငမ်းနေသည်။ ဒီကောင်က မလွယ်ကြော။ beakhyunနဲ့ ငယ်ငယ်ကတည်းက ပေါင်းလာကြတာဖြစ်ပြီး kaiကစက်လှေ ၁၀စီးလောက် ပိုင်သည့် သူငှေးသားလေး ဖြစ်ပင်မယ့်
သူ့ကိုတော့ တော်တော်ခင်သည်။

"kaiရေ မင်းဘဲ ငမ်းကျန်ခဲ့တော့ ငါပင်လယ်ထဲ ဆင်းတော့မယ်"

"အေးပါ....မင်းလဲ ဂရုစိုက်သွားအုံး ငါလဲ ဆက်ငမ်းပြီး ဖုန်းနံပါတ်လေး တောင်းအုံးမယ် ဟဲဟဲ"

beakhyunလဲ Kaiကို နှုတ်ဆက်ခဲ့ပြီး ပင်လယ်ထဲ ဆင်းဖို့ kaiတို့ဆီက ငှားထားတဲ့ စက်လှေလေးကို ယူပြီး ထွက်ခဲ့လိုကါသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now