Ep.....26

124 13 1
                                    

Zawgyi

Beakhyun အရှေ့က အမျိုးသမီးကို တစ်လှည့် ပိုက်ဆံတွေကို တလှည့် ကြည့်ပြီး စိတ်ထဲ ဗလာနတ္တိဖြစ်နေသည်။

"Chan..ကလေ အားနာနေတာ အဲ့ဒါကြောင့် ဒီပိုက်ဆံပေးခိုင်းလိုက်တာ ......သူခဏတာ စိတ်ကစားမိတယ်တဲ့.....တို့ကိုလဲ တောင်းပန်ရှာတယ်....မင်းကိုလဲအတော်လေး အားနာနေတာ"

Beakhyun  ခံစားချက်မရှိတဲ့ လူတစ်ယောက်လို ဖြစ်နေသည်။ဒေါသလဲ မထွက်သလို ဝမ်းလဲ နည်းမနေ.....

"မလိုပါဘူး မင်းပိုက်ဆံတွေ ပြန်ယူသွားလိုက်ပါ "

"ဒါနဲ့ မင်းဘက်က မပြတ်မသား ဖြစ်နေရင်ရော"

"စိတ်မပူပါနဲ့ ဒီကိစ္စတွေ အကုန် ပြီးသွားပြီဘဲ သတ်မှတ်လိုက်ပါ ပြီးတော့ Yeol....sorry Chanyeolကို ပြောပေးပါ မျက်စိရှေ့ လုံးဝ ပေါ်မလာပါနဲ့လို့  ဒါဆို ပြန်ခွင့်ပြုပါအုံး"

Beakhyun နှုတ်ဆက်ကာ ဆိုင်အပြင်ကို ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်ကာ လည်ချောင်းထဲ တစ်နေသော လေပူများကို မှုတ်ထုတ်လိုက်သည်။

"Beakhyun!! အဲ့မိန်းမက ဘာတဲ့လဲ"

မလှမ်းမကမ်းမှာ စောင့်နေတဲ့ kaiက သူ့ဆီ ပြေးလာကာ မေးခွန်း မေးတော့သည်။

"ပြန်ရင်းနဲ့ ပြောမယ်လေ ငါ့ကို အိမ်လိုက်ပို့"

"အွန်း "

လမ်းလျှောက်နေရင်း အတန်ကြာ တိတ်ဆိတ်နေတဲ့ Beakhyunကို သူတံတောင်နဲ့ တွတ်လိုက်သည်။

"အဲ့ကောင်မလေးက Chanyeol လက်ထပ်မယ့် မိန်းကလေး .....အခုလာတာက Chanyeol ငါ့အပေါ် စိတ်ကစားမိခဲ့တာကို Chanyeolက အားနာလို့ ငွေပေးခိုင်းလိုက်တာ ...ပြီးတော့ ကိစ္စတွေ အပြီးသတ်ဖို့ပေါ့"

"ဘာ!!!!"

တည်ငြိမ်စွာ ပြောနေတဲ့ Beakhyunကို သူ ပိုအံသြမိသည်။

"ဒါသက်သက် ယုတ်မာတာ Chanyeolကို ဒီလိုလူမျိုးလို့ ငါမထင်ထားဘူး .....မင်းကရော ဒီအတိုင်းနေမှာလား....ငါ ဆိုးလ်ကို သွားမယ် Chanyeolကိုငါထိုးရမှ ကျေနပ်မယ်"

"ဒီအတိုင်းမနေတော့ရော ဘာများ ထူးခြားမှာ မလို့လဲ .....အစကတည်းက သူနဲ့ငါ့မှာ ကွားခြားချက် ကြီးကြီးမားမား ရှိနေတယ်လို့ ခံစားရပြီး နဲနဲရှိန်နေခဲ့တာဘဲလေ.....ပြီးတော့ သူက အဲ့ဘဝနဲ့ ပိုမလိုက်ဖက်ဘူးလား......parkမျိုးရိုးရဲ့ အမွေဆက်ခံသူက ဘေးမှာ ပါရမီဖြည့်ဖက် အမျိုးသမီး အလှလေး ရှိပြီး သာယာတဲ့ မိသားစု ဘဝလေးပေါ့ အဲ့လိုလေးက သူနဲ့ ပိုလိုက်ဖက်ပြီး ပနံသင့်တယ်လေ"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now