Ep....9

141 21 2
                                    

Unicode❤️

ဒီနေ့ မနက် 6နာရီဆိုတာနဲ့ beakhyunမျက်လုံး တန်းပွင့်လာသည်။နှိုးနှိုးချင်း ဒီနေ့ သူပင်လယ်ဘက်သွားရင် Chanyeolလိုက်မှာကို တွေးမိတော့ ပြုံးမိပြန်သည်။

အိပ်ရာတွေသိမ်းဆည်းကာ မနက်စာထပြင်လိုက်သည်။ဒီရက်ပိုင်း ဆောင်းလေ တိုက်လာတော့ အတော်လေ အေးလာသည်။ဒါကြောင့် အဖွားက အိပ်တုန်းပင်။မဟုတ်ရင်လား 6နာရီဆိုတာနဲ့ အိုးသံ ပန်းကန်သံတွေ ကြားနေရပြီ။

မနက်စာအပြင် အရံလေးဟင်းလေးနဲ့ ထမင်းလိပ်ကို ပိုလုပ်လိုက်သည်။

Beakhyun မနက်စာပြင်ဆင်ပြီးတော့ အဖွားက နိုးလာသည်။

"အဖွား နိုးပြီလား ခန အိပ်သေးတာ မဟုတ်ဘူး အေးတဲ့ဟာကို"

အဖွားက သူ့ကို ကြောင်တောင်တောင်လေး ကြည့်နေတာကြောင့် အဖွားအနား သူသွားလိုက်သည်။

"အဖွား ဘာရပ်လုပ်နေတာလဲ သား မနက်စာပြင်ထားတယ် မျက်နှာသွားသစ်"

ခွပ် !!!အ့

"အဖွား ဘာလုပ်တာလဲ"

beakhyun အခေါက်ခံလိုက်ရတဲ့ ခေါင်းကို ဖိကာ အဖွားကို မျက်စောင်းထိုးလိုက်သည်။အစောကြီး ထပြီး မနက်စာ ပြင်ထားတာကို မချီးကျူးဘဲ ခေါင်းခေါက်ရတယ်လို့.....

"နင် ငါ့မြေး မဟုတ်ဘူး နင်ဘယ်သူလဲ ထွက်သွားစမ်း "

"ဟင်..."

အဖွား စကားကြောင့် beakhyunကြောင်သွားသည်။

"ငါ့မြေးက နေဖင်ထိုးမှ အိပ်ရာထတာ ဒါတောင် ငါနှိုးလို့ အခုလို စောစောထပြီး မနက်စာပြင်တယ်ဆိုတော့ နင်ငါ့မြေးမဟုတ်ဘူး ခွီ...."

အဖွားက ပြောနေရင်း ထရယ်တာကြောင့် သူ့ကို စနေမှန်း သိသွားသည်။အေးပေါ့ သူကလဲ မလုပ်ဖူးတာတွေ လုပ်နေတာကို....

"အဖွားကလဲ သားက မနိုးမဟုတ်ပါဘူး အဖွားနှိုးမှာကို စောင့်နေတာ အဖွားနှိုးမှ ထချင်တာ"

"ဒီနေ့ကျ လူချောလေး ပင်လယ်ဘက်လိုက်မယ်ဆိုတာနဲ့ ဒီကအဖွားက လာနှိုးစရာတောင် မလိုဘူးပေါ့"

"ဟင်!!အဖွား ဘယ်လိုသိ အယ် မဟုတ်ပါဘူး သားဘာသာ အသစ်အဆန်းအနေနဲ့ စောစောထကြည့်တာ ပြီးတော့ အဖွားကို မနက်စာ လုပ်ကျွေးချင်လို့"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now