Ep...15

151 17 4
                                    

Unicode

Chanyeol မနက်အစောကြီး ထကာ လိုအပ်တာတွေ တတ်နိုင်သလောက် လုပ်ထားလိုက်သည်။စားဖို့သောက်ဖို့လဲ ပြင်ထားလိုက်သည်။စားဖို့သောက်ဖို့ဆိုတာ တကယ်က ဘညမှမဟုတ် ....အသင့်စား မုန့်တွေနဲ့ အအေးတွေသာ ဖြစ်သည်။

"Chanyeol ငါတို့လာပြီ"

Kaiအသံကြောင့် Chanyeol ဆေးထုတ်တွေ အပုံတွေထဲက ထလာသည်။သူ့Beakလေးက ဘေးမှာ ခြင်းလေး တခြင်းကို ဆွဲကာ လုံးလုံးလေး ပါလာသည်။

"လာလေ Beak လက်ထဲက ဘာတွေလဲ"

"ထမင်းလိပ်တွေ လုပ်လာတာ ဒီမှာ တနေ့ကုန်လောက်တယ်လေ အဲ့ဒါကြောင့် စားဖို့ယူခဲ့တာ"

"ကျေးဇူးတင်ပါတယ် နော်"

တီတီတူးကာ မီးဖိုခန်းဘဲ ဝင်သွားတဲ့ နှစ်ယောက်ကို Kai မျက်စောင်း ထိုးလိုက်သည်။ ဟွန့် ငါ့ကျ အဖက်မလုပ်ကြဘူး။

ခဏနေတော့ ၃ယောက်သား အိမ်ကို အရင်ရှင်းကြရသည်။
Chanyeolရဲ့ အိပ်ရာကို အနောက်ခန်းကို ရွေ့က သန့်ရှင်းရေး လုပ်ကြသည်။

အနောက်ခန်းကလဲ ကုတင်အဟောင်းရှိနေတော့ Chanyeolက အဲာကုတင်ကို သုံးပြီး သူအိပ်တဲ့ ကုတင်ကိုတော့ လူနာတွေအတွက် ထားလိုက်သည်။

ဆေးတွေထည့်ဖို့ ဗီဒိုတခု လိုတာမို့ Kaiက သူ့အဖေဆီက သစ်သားတွေ ပေးသည်။Chanyeolက လက်မှုပညာကို အနည်းငယ် စိတ်ဝင်စားတာမို့ လေ့လာထား၍ ဗီဒိုကို ကိုယ်တိုင် စိတ်တိုင်းကျသာ လုပ်လိုက်သည်။

နေ့ခင်းလောက် ရောက်တော့ Kaiက သူ့အဖေခေါ်လို့ ပြန်သွားသည်။သူနဲ့ Beakသာ ကျန်ခဲ့သည်။

"Beak ကိုယ်တို့ ခဏနားကြမယ်လေ နေ့လည်စာ စားကြမယ်"

"အွန်း"

ထမင်းလိပ်ကို ပါးစပ်လဲ ပြည့်ဖောင်းထည့်ကာ တမြုံမြုံဝါးနေတဲ့ Beakကို ကြည့်ပြီး Kaiဘာကြောင့် kyungsooပါးကို ကိုက်လဲ သိသွားသည်။

သူငယ်ငယ်က တွေးဖူးတာက သူချစ်ရတဲ့ မိန်းကလေးကို သူသေချာ ကာကွယ်မယ်ပေါ့....အားနည်းတဲ့ မိန်းကလေးကို သူသေချာ ထွေးပွေ့မယ်ပေါ့.....

အခုကတော့ ကွဲထွက်သွာူးည်။သူချစ်မိတဲ့ လူက မိန်းကလေး မဟုတ်သလို အားလဲ မနည်းပေ။သူ့ထက်တောင် တခါတလေ သန်မာတဲ့ လူတစ်ယောက်.....အဲ့လိုလူကိုတောင် သူက ကာကွယ်ပေးချင်တဲ့စိတ် ဖြစ်နေတုန်းပင်...

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now