Ep....24

135 18 5
                                    

Zawgyi

"ဒီမှာ မိန်းကလေး မင်းက Chanyeolရဲ့ ဇနီးလောင်းပါလို့ ဘယ်လိုယုံရမှာလဲ"

Beakhyun မနေနိုင်စွာ မေးလိုက်သည်။သေချာအောင် သူမေးမှ ဖြစ်မယ် မဟုတ်လား.....မဟုတ်ရင် သူရူးတော့မယ်

"ရှင်က ဘယ်သူမလို့  တို့က ယုံအောင် ပြောပြရမှာလဲ ယုံတာ မယုံတာ ရှင့်အပိုင်းလေ ......"

Mihee ထိုလူကို အလိုမကျပေ။စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်မျိုး.....ပြိုင်ဘက် တစ်ယောက်လို ခံစားနေရသည်။

ဘေးက အဒေါ်ကြီးကပါ မယုံသလို ကြည့်လာတာမို့ Mihee ဒေါသထွက်လာသည်။

Mihee တစ်ခုခုကို သတိရကာ ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံ တစ်ပုံကိုပြလိုက်သည်။

"ဒီမှာကြည့်"

"ဟယ်.....Beakhyunရယ် အမှန်ပါဟယ်.....ဆရာဝန်လေး ရည်းစားပါ...."

Beakhyun ပြောစရာ စကားပင်မရှိတော့ပေ။ပြောစရာမရှိတာထက် ပြောဖို့ကို လည်ချောင်းက ထွက်မလာတာပေ။

မင်းသားဝတ်စုံ ဝတ်ထားတဲ့Chanyeolရဲ့ ရင်ခွင်ထဲ ရောက်နေသည့် မင်းသမီးဝတ်စုံနဲ့ သူမ.....

ဘာတွေ Yeol.......Yeol ထွက်သွားတာ အခုလေးတင်ပါ....ဖြစ်နိုင်ရင် အခုချက်ချင်း လာရှင်းပြစေချင်တယ် Yeolရယ်........

"Chan ဒီမှာ ရှိနေတဲ့အချိန် စောင့်ရှောက်ပေးထားလို့ ကျေးဇူးပါနော်..... လက်ထပ်ဖို့ကို လက်မခံသေးလို့ Chanက စိတ်ဆိုးပြီး ထွက်သွားတာလေ......အဲ့တာကြောင့် လာပြန်ခေါ်တာ ....ဒယ်ဒီက အရင်ဦးသွားတဲ့ ပုံဘဲ"

ထိုမိန်းကလေးနဲ့ ကင်ကုန်သည်ကတော်တို့ ပြောတဲ့စကားတွေ Beakနားထဲ ကြားတစ်လျက် မကြား တစ်ချက်.....
လက်ထပ်ဖို့တဲ့လား.....ငါယုံလိုက်ရမှာလား Yeol
ဒီအမျိုးသမီးပြောတဲ့ စကားတွေ ငါယုံရမှာလားဟင်..

ဒါဆို ငါက ဘာလဲ.....ငါကို ဘယ်လို သဘောထားခဲ့တာလဲ Yeol.....

Beakhyun ခြေထောက်ပင် မခိုင်တော့ဘဲ ထိုင်ချမိသွားသည်။

"Beakhyun ဘာဖြစ်တာလဲ "

Kai အသံကြောင့် သူအသိပြန်ဝင်လာသည်။

"သူက ဘယ်သူလဲ"

Kaiရဲ့ အမေးကို ကင်ကုန်သည်ကတော်က  အကြောင်းစုံ ဝင်ပြောသည်။ထိုMiheeဆိုတဲ့ အမျိုးသမီးကတော့ ပြန်သွားသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now