Ep....25

108 10 2
                                    

Zawgyi

Parkသခင်ကြီး  အလုပ်စားပွဲမှာ ထိုင်ပြီး Chanyeolအကြောင်းကို တွေးနေမိသည်။ပြီးတော့ ဟိုကလေး အကြောင်းရောပေါ့........

Chanyeolက ခေါင်းသိပ်မာတာ....ပြီးတော့ သူလုပ်ချင်တာကို တဇွတ်ထိုး လုပ်တတ်တဲ့ လူမျိုး...တလျှောက်လုံး သူလုပ်ခိုင်းတာတွေဘဲ လုပ်ခဲ့တယ် ဆိုပင်မယ့် အဲ့တာကလဲ Parkသခင်မကြီး စည်းရုံးပေးလို့ပေ။သူ့မာမီကိုတော့ သိပ်ချစ်တာမို့ သူ့မာမီပြောတာဆို နားထောင်တတ်တယ်လေ......

တကယ်တော့ ဒီမိသားစုလေးကို သူသိပ်ချစ်ပါသည်။ထုတ်ပြပုံ လွှဲမှားခဲ့တာဘဲ ရှိခဲ့တာ......သူငယ်ငယ်က ချို့တဲ့ တဲ့ မိသားစုက ဆင်းသက်လာတာမလို့ ငယ်စဉ်အခါက ကြမ်းတမ်းခဲ့တယ်......လုပ်ချင်တဲ့ ဝါသနာတွေထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဒီလိုအခြေအနေ ဖြစ်လာအောင် ကြိုးစားရုန်းကန်ခဲ့ရတာ...........

အမျိုးမျိုး အနှိမ်ခံ အဖိနှိပ်ခံပြီးမှ ဒီလို အကုန်လုံးရဲ့ အပေါ်ကို ရောက်လာခဲ့တာမို့......သူ့သားဖြစ်တဲ့ Chanyeolကို အကုန်လုံးထက် တော်စေချင်သည်။အကုန်လုံးရဲ့ အထက်မှာ ရှိနေစေချင်သည်။ပြည့်ပြည့်စုံစုံ ထားပေးချင်သည်။

ဒါ့ကြောင့်လဲ  သူကိုယ်တိုင်လဲ အလုပ်ကိုဖိလုပ်ခဲ့သည်။မိသားစုကို အချိန်မပေးနိုင်တဲ့အထိပေါ့.......အလုပ်သဘောအရ လုပ်ငန်းရှင်တွေ တွေ့ကြရင် မိန်းကလေးတွေ ခေါ်တတ်ကြသည်။ဒါကြောင့် သူလဲ လိုက်လျောညီထွေ ဖြစ်အောင် နေခဲ့ပင်မယ့် သူဟာ ရှုပ်ပွေသူအဖြစ် နာမည်ပျံ့ခဲ့သည်။

အဓိကက Chanyeolဆီကိုပေါ့......ဒီကိစ္စတွေ
ဘယ်လိုဖြေရှင်းရမလဲ သူမသိ......ရှင်းပြဖို့လဲ အခွင့်အရေးမရှိခဲ့ပေ.........

အသက်အရွယ် တစ်ခုလဲ ရောက်လာပြီမို့ လောဘတွေလဲ မကြီးချင်တော့ပေ။သားဖြစ်သူရဲ့ စိတ်ချမ်းသာ မှုကိုသာ ဦးစားပေးချင်တော့သည်။

ဒေါက်....ဒေါက်...

"ခေါ်တယ် ဆိုလို့ပါ"

"အွန်း ဂျယ်ဂျူက Chanyeol ကောင်လေးဆိုတဲ့ တစ်ယောက်ကို ဒီကို ခေါ်လာခဲ့.......သူ့အဖွားကိုရောဘဲ ....ပြီးတော့ တစ်ပတ်အတွင်း Chanyeolနဲ့ သူ့ရဲ့ စေ့စပ်ပွဲ စီစဉ်လိုက်"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now