အပိုင်း - (၂၄)

Start from the beginning
                                    

အဲ့ဒီနေ့ပြီးကတည်းက ပါပါးက သူ့ကို သုန်သုန်နဲ့အတူ လန်ဒန်မှာ သွားနေခိုင်းခဲ့သည်။ သုန်သုန်က ဘွဲ့လွန်စာတမ်းအတွက် လန်ဒန်ကိုသွားတာဖြစ်ကြောင်း၊ သူ့ကိုတော့ ဈေးကွက်ချဲ့ထွင်တာကိုလေ့လာဖို့ရယ် ပြီးတော့ သတို့သမီးလောင်းလေးကို စိတ်မချလို့ အတူသွားဖြစ်ကြောင်း ပါပါးက အင်တာဗျူးတွေမှာ ဝေဝေဆာဆာဖြေပေးထားသည်။

ဒီကိုစရောက်,ရောက်ချင်း နေးနေးအကြောင်းကို စုံစမ်းဖို့ကြိုးစားခဲ့ပေမယ့် ပါပါးက သူ့ကိုလုံးဝအလွတ်မပေးခဲ့တာကြောင့် အခွင့်မသာခဲ့။ ဟိုဘက်ကိစ္စတွေကို ပါပါးဘယ်လိုစီစဉ်လိုက်တယ်ဆိုတာ သူသိချင်ပေမယ့် ပေါ်ပေါ်ထင်ထင်မေးဖို့လည်း မတတ်နိုင်ပါ။

" မင်းဘယ်မှာလဲ နေးနေးရာ "

အားမလိုအားမရ ရေရွတ်သံတွေကသာ ဘုန်းခန့်ပိုင်ရဲ့ ရုံးခန်းထဲပျံ့လွင့်လာတော့သည်။ ကိုယ်တိုင်ကလည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေမလို့ ဆံပင်တွေကိုသာ ဆွဲဆုပ်ပစ်လိုက်ရင်း မျက်နှာကို လက်ဖဝါးတွေနဲ့ ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။ ဘုန်းခန့်ပိုင်လည်း နေးနေးအပေါ် ကျူးလွန်မိသမျှ အမှားတွေအတွက် အခုလို အသက်ရှူကြပ်ဖွယ် အခြေအနေကနေ မရုန်းထွက်နိုင်ဖြစ်နေပြီသာဖြစ်သည်။

" ကိုဘုန်း ... "

စိတ်တွေရှုပ်ထွေးနေစဉ်မှာပဲ ရုံးခန်းထဲကိုဝင်လာတဲ့ သုန်သုန်ကြောင့် ဘုန်းခန့်ပိုင် လက်တော့ပ်ကို ကြည့်နေရာကနေ သက်ပြင်းချလိုက်မိသည်။ ထိုင်ခုံနောက်မှီပေါ် မှီချလိုက်ရင်း အနည်းငယ်ထိုးကိုက်နေတဲ့ မျက်ရိုးတွေကို ခပ်ဖွဖွဖိနှိပ်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

" ကိုဘုန်း... နေမကောင်းဘူးလား "

" ကောင်းပါတယ်. သုန်သုန်... အစ်ကို ခေါင်းနည်းနည်းကိုက်နေလို့ "

" ဟုတ်လား... ဆေးခန်းသွားကြမလား... သုန် လိုက်ပို့ပေးမယ်လေ "

" အဲ့လောက်ထိမလိုပါဘူး... ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ "

" သုန်က ကိုဘုန်းနဲ့အတူ နေ့လယ်စာစားဖို့ ကျောင်းကအမြန်ပြန်လာခဲ့တာ... ကိုဘုန်း နေလို့အဆင်မပြေဘူးဆိုတော့ သုန် ကျောင်းပဲပြန်လိုက်ပါတော့မယ် "

My Beautiful SPOUSEWhere stories live. Discover now