Parkသခင်ကြီး ဧည့်ခန်းမှာ ထိုင်နေတုန်း Miheeက ငိုပြီး ပြေးလာသည်။

"အကိုကြီး......ဟင့်...Mihee လုပ်ကြံခံရတာပါ.....Mihee ဘာမှမသိပါဘူး....Mihee ဆေးခတ်ခံလိုက်ရတာပါ.....ဟင့် ဟင့်"

Chanyeolနဲ့ Beakhyun အသံတွေကြောင့် ဧည့်ခန်းဆီ ဝင်သွားလိုက်သည်။Chanyeolကတော့ လှောင်ပြုံးလေးနဲု့ကြည့်နေလိုက်သည်။

"ဘယ်သူက လုပ်ကြံခံရတာလဲ......vdထဲမှာတော့ မင်း ဆေးခတ်ခံရတဲ့ ပုံနဲ့မတူပါဘူး"

"ယုံပေးပါ အကိုကြီးရယ်....တကယ်ပါ....Miheeက အကိုကြီးကို သစ္စာဖောက်မယ့် သူမှမဟုတ်တာ..."

"အဟက်....ဒါဆို ကုမ္ပဏီ အချက်အလက်တွေကရော"

Chanyeolရုပ်ရှင်ရိုက်နေတဲ့ Miheeကို ပြောလိုက်သည်။

"အဲ့တာ....အဲ့တာက....အဲ့vdနဲ့ Miheeကို အကျပ်ကိုင်လို့ပါ...နော် အကိုကြီး"

မေးတာက Chanyeolပင်မယ့် Parkသခင်ကြီးကိုသာ ငိုယိုပြောနေတာကြာင့် Chanyeol ထရယ်လိုက်သည်။

"တတ်လဲ တတ်နိုင်ပါပေါ့"

"ကုမ္ပဏီအချက်အလက် ပေါက်ကြားမှုက တရားစွဲထားတယ်"

"ဟင်.....အကိုကြီး "

parkသခင်ကြီး စကားကြောင့် Miheeပိုလို့ပင် ငိုပြတော့သည်။

"တရားရင်မဆိုင်ချင်ရင် ကွာရှင်းမယ် "

"မရဘူး....အကိုကြီးကို လုံးဝမကွာပေးဘူး ဟင့် ....အီးးးးမလုပ်ပါနဲ့ အကိုကြီးရယ်"

"မကွာရှင်းရယ် အမှုမပိတ်ဘူး....မင်းရွေးလိုက်....ထောင်ကျခံမလား....လက်ဗလာနဲ့ ဒီအိမ်က ထွက်သွားမလားဆိုတာကိုပေါ့"

Parkသခင်ကြီးက ပြောပြီး အခန်းထဲ ဝင်သွားသည်။Miheeကတော့ ထိုနေရာတွေ ပုံ့ပုံ့လေး ထိုင်ကျန်နေပြီး မျက်ရည်တွေ ညစ်ထုတ်နေသည်။

"ငါ့သတို့သားကို လိမ်လည်တဲ့ကိစ္စမပါသေးဘူးနော်......
လိမ်လည်မှုပါ ထပ်တိုးလိုက်ရင် ကောင်းမလား...လာ..Beak အပေါ်သွားကြမယ်....ဒီမှာ အပုပ်နံ့ နံတယ်"

Chanyeolက Beakကို လက်ဆွဲကာ အပေါ်ကို တတ်သွားသည်။ထိုအခါမှ Mihee ထိုင်နေရာက ထလိုက်ပြီး မျက်ရည်တွေ သုတ်လိုက်သည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now