"ကလေးအတွက် ငါတို့နှစ်ယောက်ရဲ့လက်ဆောင်"

ယူဘင်း ကမ်းပေးတဲ့လက်ဆောင်ထုတ်ကို Baekhyun ယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"စားနှင့်ကြဦးနော်၊ ကိုယ်ကလေးသွားခေါ်လာခဲ့မယ်"

"ဟုတ်ကဲ့ ဒေါက်တာ Park"

"ဟုတ်ကဲ့ ဦး"

ဦးထွက်သွားပြီးတော့ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနှင့် Baekhyun စကားဝိုင်းစလိုက်သည်။

"ကျောင်းမှာအဆင်​ပြေကြတယ်မလား ယူဘင်း၊ လီဆောင်း ရောပဲ"

"ပြေပါတယ်၊ မင်းမရှိတော့ လူလျော့နေတာကလွဲလို့ပေါ့"

ယူဘင်း ရဲ့စကားအဆုံး Baekhyun ပြုံးပြဖြစ်သည်။

"တကယ် ကျောင်းပြန်မတက်တော့ဘူးလား"

"သားကိုငါပဲထိန်းကျောင်းချင်လို့ပါ၊ ဦးကလည်းအလုပ်လုပ် ငါကလည်းကျောင်းတက်ဆိုရင် သားလေးမိဘတွေနဲ့ဝေးနေသလိုမျိုးဖြစ်မှာစိုးလို့"

"Baekhyun ပြောတာလည်းမှန်ပါတယ်"

လီဆောင်း ကဝင်ထောက်ခံတော့ ယူဘင်း ကမျက်နှာငယ်ဖြင့်သာခေါင်းညိမ့်သည်။

"မင်္ဂလာဆောင်ကိုတော့မလာဖြစ်လိုက်ပေမယ့် မင်းရဲ့သားရက်(၁၀၀)ပြည့်ကိုတော့ ငါလာတယ်နော် Baekhyun"

"မင်္ဂလာပွဲတုန်းကလေ ရုတ်တရက်ဖြစ်သွားလို့ပါ၊ မင်းကိုမဖိတ်လိုက်မိတာ စိတ်မရှိပါနဲ့နော် လီဆောင်း"

"ရပါတယ်ကွာ၊ အဲ့တုန်းက မင်းနဲ့ငါသိပ်မှမရင်းနှီးသေးတာ၊ အခု ယူဘင်း ကြောင့်သာငါတို့အဆက်အသွယ်မပြတ်ရင်းနှီးနေကြတာမလား"

Baekhyun ပြုံးရင်း ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။

"ပြီးတော့လေ ပြီးခဲ့တာတွေက ကြာနေပြီဆိုပေမယ့် စစချင်းတုန်းက မင်းနဲ့ငါကြားဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ငါတောင်းပန်တယ် Baekhyun၊ မင်းခွင့်လွှတ်မယ်မှန်းသိပေမယ့်လည်း ငါတောင်းပန်ချင်လို့ပါ"

"မဟုတ်တာပဲ၊ ငါ့စိတ်ထဲဘာမှမရှိတော့တာမို့ မင်းလည်းစိတ်ထဲမထားနဲ့တော့ လီဆောင်း၊ ငါတို့ သူငယ်ချင်းတွေဖြစ်နေပြီပဲဟာ"

Perfect Love [onging]Where stories live. Discover now