"အွန်းပါ Beakရှိနေပေးမယ် အမြဲတမ်းပေါ့...."

"ဟုတ်ပြီ ဒါဆို ကိုယ်ထုတ်ပေးထားတဲ့ အကျီလေး ဝတ်တော့နော်.....ခနနေသွားရတော့မှာ"

Beakခေါင်းညိတ်ပြီး Yeolပေးတဲ့အကျီလေး လဲဝတ်လိုက်သည်။Yeolကတော့ သူ့ဒယ်ဒီအခန်းကိုသွားသည်။

သတင်းစာရှင်းလင်းပွဲဆိုတာကြီး ကြားဘဲ ကြားဖူးတာကြောင့် နဲနဲတော့ စိတ်လှုပ်ရှားသည်။သူ့ဘဝက Yeolနဲ့ တွေ့မှ အသစ်အဆန်းတွေချည်းဘဲ ဖြစ်နေသည်။ဒါပင်မယ့်လဲ သူကြိုးစားကြည့်ချင်သည်။Yeolနဲ့အတူ အားလုံးကို ရင်ဆိုင်ချင်သည်။တကယ်လို့ Yeolအတွက် အများကြီးသာ ထိခိုက်စေမဲ့ အရာဆိုရင်တော့ သူလက်လျော့မှာပါ......

"Beakသွားကြရအောင် "

"အွန်း လာပြီ"

"Beakက ဒီအကျီနဲ့ တော်တော်လိုက်တယ် Boss Babyလေးလိုဘဲ "

Beak မျက်စောင်းသာ ထိုးလိုက်သည်။တကယ်ဘဲ လူကို ကလေးလိုဘဲ မြင်နေတယ်။

ဟိုရောက်သွားတော့ ခန်းမကြီးရဲ့ တံခါးကို ဖွင့်လိုက်တာနဲ့ သတင်းထောက်တွေက အခန်းထဲ အပြည့်ပင်။ဝင်လာတဲ့ သူတို့ကို ကင်မရာတွေနဲ့ အမိအရ ရိုက်ကြသည်။

ကင်မရာရဲ့ တဖျက်ဖျက် အလင်းရောင်ကြောင့် မျက်လုံးပင် ဖွင့်မရပေ။

Yeolရဲ့ ကိုယ်ရံတော်များက သူ့တို့ကို ကာပေးထားပြီး Yeolက သူ့လက်ကို ဆွဲကာ စင်ပေါ်ခေါ်သွားသည်။
စင်ပေါ်မှာ ခုံနှစ်ခုံ ချထားပြီး စားပွဲပေါ်မှာလဲ မိုက်တွေရှိနေသည်။

"Beakထိုင်"

Yeolက သူ့ကို ထိုင်ဖို့ ခုံဆွဲထုတ်ပေးတာကြောင့် နဲနဲတော့ ရှက်သွားသည်။လူအများရှေ့မှာ မဟုတ်လား.......
Yeolကလဲ သူ့ဘေးက ခုံမှာ ထိုင်ပြီး သူ့လက်လေးကို လာကိုင်သည်။

သူကြောက်နေတာကိုသိသည့်အလား.... အဆင်ပြေတယ် ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်သည်။

"မေးခွန်းတွေ မဖြေခင် ကျွန်တော်ပြောတာလေး အရင်နားထောင်ပေးပါ"

"......"

သတင်းထောက်တွေ အားလုံး တိတ်ဆိတ်သွားသည်။

"ကျွန်တော်ကိုတော့ အားလုံး သိပြီးသားမို့ အထူးတလည် မပြောပြတော့ပါဘူး.....ဒီဘက်ကတော့  Byun Beakhyunပါ ....အားလုံး ထင်နေကြသလို ကျွန်တော်လက်ထပ်မယ့် သူပါ"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now