ဘာတွေလဲ ဘာတွေဖြစ်နေကြတာလဲ......

"အားလုံး လူစုံပြီဆိုတော့ ရှုပ်ထွေးနေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းရအောင်"

Parkသခင်ကြီး စကားကြောင့် မျက်လုံးတွေ အကုန် Patkသခင်ကြိးဆီ ရောက်သွားသည်။

"အရင်ဆုံး အဖွားကို ခွင့်တောင်းပါရစေ.....Park Chanyeolရဲ့ အဖေတစ်ယောက် အနေနဲ့ အဖွားဆီက Beakhyunကို တောင်းရမ်းပါတယ်"

Parkသခင်ကြီး စကားကြောင့် Beakရယ် အဖွားနဲ့ Kaiတို့ အံသြသွားသည်။Chanyeolလဲ အံသြတဲ့ထဲ ပါပင်မယ့် တောင်းရမ်းတယ်ဆိုတာကြောင့် မဟုတ်ဘဲ ဒယ်ဒီရဲ့ အပြုအမှုတွေကြောင့်ပင်။

"ဟို....Chanyeolက လက်ထပ်မယ့် မိန်းကလေး ရှိတယ် မဟုတ်ဘူးလား"

အဖွားစကားကြောင့်Chanyeol ကြောင်သွားသည်။
Beakကို ကြည့်တော့လဲ ခေါင်းငုံ့နေသည်။

ဘာတွေလဲ ရှုပ်လာပြီ.....

"Chanyeolနဲ့ လက်ထပ်မယ့် မိန်းကလေးဆိုတာ ဒီမိန်းကလေးကို ပြောတာလား"

ဒယ်ဒီ ပြတဲ့ပုံကိုကြည့်ပြီး ခေါင်းငြိမ့်တဲ့ Beakကို ကြည့်ပြီး Chanyeolရူးချင်လာသည်။

"ဘာလဲ.....အဲ့ဒါ Miheeပုံကြီး မဟုတ်လား.....ကျွန်နော့်လဲ ရှင်းပြကြအုံး"

Chanyeolထပြောလိုက်တော့ Beakက ကြည့်လာသည်။

"ရှင်းပေးမလို့ဘဲလေ ခဏသည်းခံစမ်းပါ"

ဒယ်ဒီစကားကြောင့်Chanyeolငြိမ်နေလိုက်သည်။

"Beakhyun ဒီမိန်းကလေးက ဦးလေးရဲ့ မိန်းမ....တနည်းအားဖြင့် Chanyeolရဲ့ မိထွေးဘဲ"

ထိုစကားကြောင့် Beakhyunရယ် အဖွားရယ် Kaiရယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။

"Chanyeol ......Miheeက Beakhyunဆီသွားပြီး သူဟာ မင်းနဲ့လက်ထပ်မယ့် မိန်းကလေးလို့ သွားပြောထားခဲ့တာ"

"ဘာ!!!!အဲ့မိန်းမ ရူးနေတာလား.....အဲ့ဒါကြောင့် ခုန Beakက ကိုယ့်ကို ရှောင်နေတာလား"

"အခု အားလုံးရှင်းပြီဆိုတော့ ပထမဆုံး ပြောခဲ့တဲ့ စကားကို အဖွား ဘယ်လို သဘောရလဲ....အဖွားမြေးကို ပေးမှာလား"

ထိုစကားကြောင့် Beakhyun အခုမှ ရှက်ရမှန်းသိတော့သည်။ခုနက ထူပူနေတာကြောင့် လက်ထပ်မယ့် မိန်းကလေးရှိရဲ့နဲ့ သူ့ကို ယူဖို့ ထပ်ပြောသည် ထင်ပြီး စိတ်တိုနေခဲ့တာလေ.......

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now