လောင်ထန်း သူ့ဗိုက်ကိုထိလိုက်ကာ အာဟာရထုပ်ပေးဖို့မှာလိုက်တယ်။ကလေးက တုန်ဖန့်ရှောင် တစ်ဦးတည်းရဲ့ကလေးမဟုတ်ဘဲ သူ့ကလေးလည်း ဖြစ်တယ်။သူဒီကလေးကို မမွေးထုတ်ရသေးမချင်း ဒီကလေးကျန်းမာဖို့ရာ သူ့မှာတာဝန်ရှိသေးတယ်။

အာဟာရထုပ်ချိတ်ပြီးတဲ့နောက်မှာ သူနာပြုဆရာဝန်က တစ်ယောက်ယောက်လာကြောင်းပြောလာတယ်။လောင်ထန်း မတ်တပ်ထရပ်လိုက်ပေမဲ့ တံခါးကပွင့်လာပြီး လူအုပ်တစုကဝင်လာတယ်။

"ဘယ်သူတွေလဲ"

လောင်ထန်း ထိုယောကျာ်းနဲ့မိန်းမ အုပ်စုကြီးကိုမေးပြီးမေးလိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ် မဒမ် ကျွန်တော်တို့က အပေါင်ဆိုင်ကဝန်ထမ်းတွေပါ။ ဘော့စ်နေမကောင်းသတင်းကြားလို့ လာကြည့်တာပါ"

သူတို့အုပ်စုထဲက အသက်ကြီးဆုံးတစ်ယောက်ကပြန်ဖြေလာတယ်။

အပေါင်ဆိုင်ဝန်ထမ်း...?သူဒီလူတွေကို အရင်က တစ်ခါမှမမြင်ဖူးဘူးတာကြောင့် လောင်ထန်း နည်းနည်းသတိထားမိသွားတယ်။ထိုလူထဲက တချို့က ကြမ်းတမ်းနဲ့အသွင်ရှိပြီး သူတို့မျက်နာမှာဒ ဏ်ရာတချို့လည်းရှိနေကာ သူတို့နဲ့သွားရှုပ်မိလို့ကတော့ လွယ်ကူမဲ့ပုံမပေါ်ပေ။

သူ့ရဲ့သတိထားမိနေတဲ့ပုံကို တစ်ဖက်က လူအိုကြီးကမြင်တော့

"မကြောက်ပါနဲ့ မဒမ်.... ကျွန်တော်တို့ကကိစ္စပြီးတာနဲ့ပြန်မှာပါ"

ထိုလူကပြောပြီးတာနဲ့ ကျန်တဲ့လူတွေအားလုံး ကုသခန်းထဲမှာ နှစ်ဖွဲ့ခွဲမတ်တပ်ပြိုင်တူရပ်နေကြကာ သံပြိုင်ပြောလိုက်ကြတယ်။

"ဘော့စ်အမြန်ဆုံးပြန်သက်သာဖို့မျှော်လင့်ပါတယ်"

လောင်ထန်း သူ့မျက်လုံးကိုသာလှိမ့်လိုက်မိတော့တယ်။  ဒါဘယ်လိုအခြေအနေကြီးလဲ။တုန်ဖန့်ရှောင် ဝန်ထမ်းတွေက သူနဲ့ကီးကိုက်မဲ့ပုံမပေါ်ဘူး။အဲ့ဒီနောက် ထိုလူတွေက တချို့မေးခွန်းလေးတွေ မေးလာကြတယ်။ထိုလူတွေ ကြည့်ရတာ စိုးရိမ်နေတဲ့ပုံပေါ်မနေပေမဲ့ လောင်ထန်း ကတော့ ဝတ္တရားအရဖြေပေးလိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Donde viven las historias. Descúbrelo ahora