ဒီမနက်မှာ ရှော့အကြီးကြီးရသွားတဲ့ လောင်ထန်း
တစ်ယောက် အကုန်စီစဉ်ပြီးတဲ့နောက်မှာ သူ့ခြေထောက်တွေက တဖြည်းဖြည်းထုံကျင်လာတယ်။မနေ့ညက အိပ်မက်အကြောင်းကို လောင်ထန်း မတွေးမိပဲမနေနိုင်။လောင်ထန်း အဝတ်အစားအမြန်လဲကာ ကုသခန်းဆီထွက်သွားတယ်။ကုသခန်းက တုန်ဖန့်ရှောင် ရဲ့ အခြေအနေကိုသုံးသပ်ထားတဲ့ အချက်အလက်တွေအရ အားလုံးပုံမှန်ဆိုပေမဲ့ သတိကတော့ပြန်လည်မလာသေးပေ။

"တုန်ဖန့်ရှောင် မင်းဘာမှမဖြစ်ရဘူး"

လောင်ထန်း စိတ်ပူပြီး ဒေါသထွက်နေတဲ့အသံနဲ့ပြောလိုက်တယ်။

လူနာတင်ယာဉ်ရောက်လာတဲ့အချိန် ဆေးရုံဝန်ထမ်းတွေနဲ့စက်ရုပ်တွေက ကုသခန်းကိုတင်ကာ သယ်ဆောင်သွားတယ်။လောင်ထန်း လည်း ယာဉ်ပျံပေါ်တက်ကာ အတူလိုက်သွားတယ်။ဆေးကုသစက်ရုပ်က လောင်ထန်း ကိုမေးခွန်းတွေမေးလာပြီး လောင်ထန်း ကလည်း သိသလောက်ပြန်ဖြေနေတယ်။

ဆေးရုံကိုရောက်တဲ့အချိန်မှာတော့ ကုသမှုတချို့လုပ်ပြီး ဆရာဝန်ရဲ့ဆေးစစ်ချက်နဲ့ပတ်သက်ပြီး တုန်ဖန့်ရှောင် အခြေအနေကို လောင်ထန်း မေးကြည့်လိုက်ပေမဲ့ ဆရာဝန်ဘက်က ထူးဆန်းတဲ့အဖြေကိုသာပေးလာတယ်။

"သူဘာမှမဖြစ်ပါဘူး အိပ်ပျော်နေတာပါ"

အိပ်ပျော်နေတာ...ဘယ်လိုလူကမနိုးပဲအိပ်ပျော်နေမှာလဲ။လောင်ထန်း ထိုမေးခွန်းကိုမေးလိုက်ပေမဲ့ တုန့်ဖန့်ရှောင် ရဲ့ အခြေအနေကထူးဆန်းနေတာမို့ ဆရာဝန်ဘက်က တိကျတဲ့အဖြေကိုပေးမလာခဲ့ပေ။

"ဒါဆို သူဘယ်အချိန်နိုးမှာလဲ"

လောင်ထန်း ပြောင်းမေးလိုက်ပေမဲ့လည်း ဆရာဝန်ကအဖြေပြန်မပေးနိုင်ပြန်ဘူး။

အဆုံးသတ်ပြီ....ကိုယ့်ဘာသာပဲအဖြေရှာရတော့မှာပဲ။လောင်ထန်း ကုသခန်းရှေ့မှာ မူးနောက်နောက်ဖြစ်နေခဲ့ပြီး သူ့နောက်ဘက်က စက်ရုပ်ကရုတ်တရက်ပြောလာတယ်။

"မင်းမှာ ကိုယ်ဝန်ရှိနေတယ်လို့ တွေ့နေရတယ်။အခုမင်းကိုယ်ထဲက သွေးတွင်းသကြားကအရမ်းကျနေတယ်။အာဟာရဆေးသွင်းဖို့ အကြံပေးပါရစေ"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Onde as histórias ganham vida. Descobre agora