ချိယွီကမျက်လုံး ပြန်ဖွင့်လိုက်ကာ မျက်နှာကျက်ကိုကြည့်ပြီး သူ့ရဲ့နှာဖူးနဲ့ နှာခေါင်းကနေ ချွေးထွက်နေတာကိုခံစားလိုက်မိတယ်။

သူဘာတွေမျှော်လင့်နေခဲ့မိတာပါလိမ့်။ ဒီနေ့နဲ့ဆို သူဟယ်ကျိုးရေချိုးခန်းကနေ လွတ်မြောက်ခဲ့တဲ့အဖြစ်အပျက်ပြီး နှစ်ရက်ကြာပဲရှိသေးတယ်လေ။ အဲ့နေ့က အနမ်းနဲ့ သူ့ရဲ့စိုစွတ်နေတဲ့ဘောင်းဘီကို ခုထိမှတ်မိနေဆဲဖြစ်သည်။

ထင်ထားသလိုပါပဲ ၊ထိုအရာတွက် ဖြေရှင်းချက်မရှိ။

ခန္ဓာကိုယ်ဟာလဲ နောက်တစ်ကြိမ်ပူလောင်လာရသည်။

ချိယွီမှာ ရင်ထဲကမတည်မငြိမ်မှုကိုပြေပျောက်စေရန် နှုတ်ခမ်းကိုကိုက်၊ လက်သီးကိုဆုပ်လို့ အသက်ပြင်းပြင်းရှူရုံသာတတ်နိုင်သည်။

သို့သော်လည်း ခဏအကြာတွင် ချိယွီရဲ့ ခေါင်းဟာဘေးကို လှည့်မိသွားကာ သူ့ဘေးနားရှိ တွဲလောင်းကျ‌နေသောလက်ပေါ် မျက်လုံးများကအမှတ်တမဲ့ ကျဆင်းသွားခဲ့သည်။

အခန်းက မှောင်မည်းနေပေမယ့် ကုတင်ဘေးကလက်ကို ချိယွီစိတ်ထဲကနေ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ ထိုလက်ရဲ့ သွေးခုန်နှုန်း၊ အဆစ်များ အပါအဝင် ကြွက်သားထုထည်နှင့် လက်သီးကို ဆုပ်ထားရင် ဖြစ်မည့်ပုံအထိပါဝင်သည်။ ပြီးတော့ စိမ်းပြာရောင်သွေးပြန်ကြောတွေ...

အဲ့ဒီလက်ရဲ့အထိအတွေ့ကို သူမှတ်မိနေသေးတယ်။ အထိအတွေ့တွေက မနူးညံ့ပဲ လက်ဖဝါးပေါ်က အသားမာတွေကြောင့် ကြမ်းရှရှလေးဖြစ်သည်။ (*ပြန်ရင်းရှက်လာပြီ)

လက်ချောင်းတွေလဲအတူတူပဲ။ အနည်းငယ်ခြောက်သွေ့ပြီး အတားအဆီးမရှိဘဲ အနက်ရှိုင်းဆုံးခံစားမှုကို ထိတွေ့ခံစားနိုင်တယ်။အဲ့အဖြစ်အပျက်က ရှက်စရာကောင်းပြီး နာကျင်ရကောင်းမှန်း မှတ်မိသေးသော်လည်း အဆင်ပြေသလိုပါပင်။

ချိယွီရဲ့ အာဒမ်ပန်းသီးကရွေ့လျားသွားကာ ၊ သူရေဆာသလိုခံစားလိုက်ရတယ်။

ချိယွီ သူ့အတွေးတွေကိုပြန်ရုတ်သိမ်းကာ ဟယ်ကျိုးလက်စီမှအကြည့်ကိုပြန်ရုတ်လို့ မျက်လုံးပြန်မှိတ်ပြီး စိတ်ထဲမှာ သိုးတစ်ကောင်နှစ်ကောင်ရေနေလိုက်တယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now