ဟယ်ကျိုးရဲ့ တိတ်ဆိတ်နေမှုက ချိယွီကိုထိတ်လန့်လာစေခဲ့တယ်။

ချိယွီရဲ့တင်းကြပ်နေတဲ့လက်သီးဆုပ်က ခဏအကြာပြေလျော့သွားကာ သူ ပြောစရာရှာ‌တွေ့သွားခဲ့တယ် "ဒါနဲ့ ခုနက မင်းင့ါကိုဘာအကြောင်းပြောနေတာပါလိမ့်... ရှောင်ကျိုးလေးရဲ့တည်ရှိမှုအကြောင်းမလား? မင်းတစ်ခုခုသိထားလို့လား?"

ဟယ်ကျိုးက ချိယွီကိုတစ်ချက်ကြည့်လာကာ အတန်ကြာနှုတ်ဆိတ်နေခဲ့တယ်။

အတော်ကြာမှ၊ သူက "ကျောင်းကျောင်းမင်းအပေါ် စိတ်ခုနေတာကလဲ အဓိကအားဖြင့် ရှောင်ကျိုးလေးကြောင့်ပဲ။ ငါးလတည်းနဲ့ သူမွေးလာခဲ့ပြီး နှစ်ခါတောင်စစ်ဆေးခဲ့ကြတာ မင်းသိပါတယ်။ ဆေးစစ်ချက်အရ နှစ်ခါလုံးကလေးက ...ကိုယ်နဲ့သွေးမတော်မှန်းသက်သေပြနေခဲ့တာ"

ချိယွီက အလျင်အမြန်ခေါင်းငြိမ့်ပြကာ : "ငါသိပါတယ်၊ အဲ့ဒီတော့ကော?"

"ချိယွမ်ရှန်းက လွန်ခဲ့တဲ့နှစ်နှစ်က Shunde Pharmaceuticalsရဲ့အဓိက ရှယ်ရာရှင်တစ်ဦးဖြစ်လာပေမယ့် နောက်ကွယ်မှာ စမ်းသပ်မှုတွေလုပ်လာတာ ကြာလှနေပြီ။ ပြီးတော့ သူ့အဖွဲ့ရဲ့စမ်းသပ်မှုတွေက အဓိကအားဖြင့် မျိုးရိုးဗီဇစစ်ဆေးမှုတွေနဲ့ပတ်သက်နေတယ်.."

ချိယွီကပြန်ဖြေလာသည်။ "ရှောင်ကျိုးလေးရဲ့ အမြှီးကမျိုးရိုးဗီဇပြောင်းလဲမှု ကြောင့်လို့ပြောချင်တာလား? ချိယွမ်ရှန်းက မကောင်းဆိုးရွားတွေဖန်တီးချင်နေတာများလား!"

ဟယ်ကျိုးကသက်ပြင်းချကာ : "ရှောင်ကျိုးလေးရဲ့အမြှီးက ဘယ်သတ္တဝါရဲ့အမြှီးနဲ့တူတယ်ထင်လဲ?"

ချိယွီက အတော်ကြာရှောင်ကျိုးလေးရဲ့အမြှီးကိုစိုက်ကြည့်နေရင်း : "..နဂါး? အိမ်မြှောင်? မြွေ?"

အမြှီးလေးက ပေါက်ကာစ နုနုထွတ်ထွတ်လေးဖြစ်သည်။ အကြေးခွံလေးတွေကလဲ သေးငယ်ဆဲဖြစ်ကာ အမြှီးအကုန်ကိုမဖုံးအုပ်သေးပေ။ အကြေးခွံအောက်မှာတော့ ပန်းရောင်သန်းနေတဲ့အရေးပြားလေးကိုပင် ဖျတ်ခနဲမြင်နိုင်သည်၊ ဆူးတောင်များက မကြီးထွားသေး၊ အတွင်းရှိအရိုးများသည် ပျော့ပျောင်းပြီး မထောက်နိုင်သေးသောကြောင့် အမြီးတခုလုံးသည် ချောမွတ်နေကာ သေချာမကြည့်ပါက အမြှီးတစ်ခုမှန်းသိဖို့ခဲယဉ်းသည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Kde žijí příběhy. Začni objevovat