"ငါတောင်းပန်ပါတယ် ကိုင်းရယ်"

"မဟုတ်တာ နင်ကငါ့အတွက်ပြောတာ ငါသိပါတယ် နင့်ကိုလည်း စိတ်မဆိုးပါဘူး"

"ငါလည်းဖေဖေ့လိုပဲ နင့်ကိုအဲ့လူကြီးနဲ့ပြန်မတွဲစေချင်ဘူး ဒါပေမယ့် နင် သူ့ကိုမပြတ်နိုင်ရင်တော့"

"သူကလည်း ငါ့ကိုမပြတ်သားနိုင်ဘူးတဲ့ အဟွန်း.."

ကိုင်းရဲ့ခြောက်ကပ်ကပ်ရယ်သံကြောင့် နေသာ့မျက်နှာလေးတစ်မျိုးဖြစ်သွားပြီး လုပ်လက်စအလုပ်တွေကိုအသာချပြီး ကိုင်းကိုကြည့်လာ၏။
ကိုင်းအကြောင်းကို နေသာကအသိဆုံးဖြစ်သည့်အပြင် မိန်းကလေးချင်းလည်းဖြစ်တာမို့ တခဏအတွင်း မျက်လုံးတွေပြူးသွားလေသည်။

"ကိုင်း နင် သူနဲ့"

"Omm"

"နင်ကလည်း ဘာလို့အဲ့လောက်ထိပြန်ဖြစ်သွားတာလဲ ပြောတော့ပြန်မတွဲဘူးဆို"

"အင်းလေ"

"အခု နင်ဆေးသောက်ပြီးပြီလား"

"ဟင့်အင်း"

"ဟယ်! ဘယ်နေ့ကလဲ"

"မနေ့ကမှ"

ကိုင်း မလှုပ်မယှက်ဖြင့်ပြန်ဖြေနေလေ၊ နေသာက စိုးရိမ်စိတ်တွေအုံကြွပြီး ဂဏှာမငြိမ်ဖြစ်လာလေဖြစ်သည်။

"ကိုယ် ခလေးကိုဇွတ်မချည်ထားချင်တော့ပါဘူး ဆေးသောက်နော် မသောက်ချင်ရင်လည်းရတယ် ကိုယ်မင်းကိုလက်ထပ်ဖို့အဆင့်သင့်ပဲ"

"ဟင့်အင်းသောက်မှာ"

"အင်းပါ"

ဟု ဦးက ဆေးတိုက်လိုက်သလို ဦး ဝယ်မပေးလည်း ကိုင်း ကိုယ့်ဘာသာဝယ်သောက်မှာပဲမို့ နေသာပြာယာခတ်နေပုံက ရယ်စရာလေးဖြစ်နေ၏။
သို့သော် ကိုင်း ဆက်မစတော့ဘဲ နေသာ့လက်ကလေးကိုလှမ်းဆွဲရင်း ရယ်ပြလိုက်တော့ သူမကကိုင်းကိုခေါင်းခေါက်ပစ်လေသည်။

"လန့်သွားတာပဲ ကောင်မစုတ်"

"ငါကြောက်နေတာသိလား ဦးကိုလည်း ငါမပြတ်နိုင်ဘူး ဒါပေမယ့် ဖေဖေက ငါ့ကိုပစ်ထားမှာလည်းကြောက်တယ်"

"ဖေဖေက နင့်ကိုအရမ်းချစ်လို့ပါ ကိုင်းရယ် ငါတို့ငယ်ငယ်လေးကတည်းက နင့်ကိုပဲပိုတာသိရဲ့သားနဲ့ အခုလည်း နင်ဇွတ်လုပ်သွားရင် ဖေဖေကစိတ်ပဲဆိုးမှာပါ ပစ်ထားမှာမဟုတ်ပါဘူး"

သူမ မှ တစ်ပါးOn viuen les histories. Descobreix ara