Part 28

8K 222 4
                                    

💞 Part - 28 💞
~~~~~~~~~~~

"ငါ နင့်ကိုနားမလည်လို့မဟုတ်ပါဘူး ကိုင်းရယ် ဒါပေမယ့် ပြတ်ထားပြီးသားကြိုးကို ပြန်ဆက်ရင်တောင် ဆက်ထုံးဆိုတာရှိနေမှာပဲလေ အဲ့ဒီနေရာက ထပ်မပြတ်ပါဘူးလို့ ပြောနိုင်လို့လား"

နေ့စကားကြောင့် ကိုင်းမျက်နှာငယ်သွားတော့လည်း နေ မနေနိုင်ဘဲ ဆံပင်လေးတွေကိုဆွဲဖွပြီး ကိုင်းကိုဖက်ထားလိုက်၏။
သူမလေးသည် နေ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သည့်အပြင် ယောင်းမလည်းတော်စပ်နေ၍ ကိုင်းကို နောက်တစ်ခါပြိုလဲခွင့်မပေးနိုင်။
ထိုအချိန်တွေတုန်းက ကိုင်း ဘယ်လိုပြိုလဲခဲ့ရသလဲ၊ ဘယ်လောက်နာကျင်ခဲ့ရသလဲ နေ့ မျက်မြင်...

"နင့်ကိုတားလို့ ငါယုတ်မာတဲ့မိန်းမ ဖြစ်ရင်ဖြစ်ပါစေ ကိုင်း.. ငါကနင့်ရဲ့အမွှာမဟုတ်ပေမယ့် နင်က ငါ့ဘဝထဲကအစိပ်အပိုင်းတစ်ခုပါ နင့်ကိုမနာကျင်စေချင်ဘူး ဒါကြောင့်မို့ ငါ့စကားကိုနားထောင်ပါလား"

"---"

"မျက်နှာသစ်လိုက်နော် နင့်အကြိုက် ကြက်ဥဟက်ဖရိုက်လေးနဲ့ ပေါင်မုန့်လေးကြော်ထားပေးမယ် အတူတူစားရအောင်"

ကိုင်းကို ကလေးလေးလိုချော့ရင်း ပါးကိုဖွဖွလေးဆွဲလိမ်လိုက်သည့်အခါ သူမက နွမ်းလျစွာပြုံးပြ၏။
တစ်နေ့နေ့ကျ ငါ့စေတနာကို နင်နားလည်မှာပါ ကိုင်းရယ်...

"တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲလားလို့ စမ်းသပ်တာလည်းဖြစ်နိုင်တာပဲ"

"အေးပေါ့ အဲဲဒါကြောင့်နင့်ကိုပြောနေတာ နင့်ကိုမနာကျင်စေချင်လို့ပါ နင်ကတော့ ကျပ်ပြည့်တယ်မလား"

ထိုအခါမှ လန်းဆန်းစွာပြုံးလာသော ကိုင်းမျက်နှာလေးကြောင့် နေ စိတိသက်သာရာရသွားပြီး ကိုင်းမျက်နှာသစ်ဖို့ သွားတိုက်ဆေးထည့်ပေးလိုက်သည်။
သဘက်နုနုလေးကိုပါ သူမပခုံးပေါ်တင်ပေးလိုက်ရင်း...

"ပြီးရင်ထွက်ခဲ့တော့ မနက်စာစားကြမယ်"

"OK"

💞💞💞💞💞

Bangkokကနေ ပြန်ရောက်ရောက်ချင်း အိမ်မှာမနားနိုင်သည်က တွေ့ချင်ပြီဟုဂျီကျနေသော သူမလေး ကြောင့်ဖြစ်သည်။
သူမအတွက်ဝယ်လာသည့်ပစ္စည်းတွေကို ကားအနောက်ခန်းမှာထည့်ကာ ကွန်ဒိုရှေ့ကို ရောက်တော့ ကိုင်းကအဆင်သင့်စောင့်နေသည်။

သူမ မှ တစ်ပါးWhere stories live. Discover now