Part 29

11.7K 356 2
                                    

💞 Part - 29 💞
~~~~~~~~~~~

အဖေ့ရဲ့စိုက်ခင်းသို့ နောက်တစ်ခါပြန်ရောက်လာတော့ ကိုင်းကNavyရောင်ဂါဝန်နှင့် အဖြူရောင်ရှူးဖိနပ်လေးဝတ်ထားကာ Bangkokကနေ သူဝယ်ခဲ့သောလက်ဆောင်တွေမို့ ကျေနပ်သွားသည်။ Navyရောင်က ကိုင်းရဲ့ favouriteအရောင်ဖြစ်ပြီး သူမနဲ့လည်းလိုက်ဖက်သည်။

"လာကြ လာကြ သားတို့လာမယ်ဆိုလို့စောင့်နေတာ"

အဖေက ဘယ်မှမသွားဘဲစောင့်နေပြီး တီလေးကတော့ မီးဖိုခန်းမှထွက်မလာသေး။
ကိုင်းက ထိုးမုန့်နှင့်တခြားစားစရာတွေ ဝယ်လာတာမို့ အဖေ့ကိုနှုတ်ဆက်ပြီး အိမ်ထဲအရင်ပြေးဝင်သွား၏။ ပထမတစ်ခါတုန်းကလို ရှိန်နေတာတွေ၊ ကြောက်တာတွေ မရှိတော့ဘဲ သူ့အိမ်သူ့ယာလို ထင်ရာလုပ်နေပေမယ့် အဖေက မငြိုငြင်။

"ဒီကလေးက သွက်သွက်လက်လက်ကလေးပဲ"

ဟု ချစ်စနိုးပြောရင်း သူ့ကို ကြိုက်လည်းကြိုက်တတ်ပါ့ကွာ ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်တော့ အဖေ့အကြည့်ကြောင့် သူ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ရယ်မိသေးသည်။

"အသက်ဘယ်လောက်ကွာလဲ ငါ့သား"

"၁၀နှစ်ပါ အဖေ"

"အဲ့လိုဆို မင်းအနေနဲ့ ကလေးအပေါ်နားလည်ပေးဖို့တွေ အများကြီးရှိမယ်နော် မင်းအမေနဲ့ကတော့ အဆင်ပြေမှာပါ မဆွေလည်းကလေးချစ်တတ်ပါတယ်"

"ကိုင်းက ငယ်ပေမယ့် ကျွန်တော့်ကိုနားလည်မှုရှိတယ် အလုပ်မအားတာအတွက် ဂျီကျတာမျိုး တော့ရှိပေမယ့် အနှောင့်အယှက်တော့မပေးဘူး တစ်ခါတစ်လေတော့လည်း တော်တော်ဆိုးတယ်"

"ငယ်သူပဲကွာ ကိုယ်ကအကြီးပဲ ပြီးတော့ယောကျာ်းလေး.. ကလေးကတော့ ကလေးပီပီ ဆိုးလို့ရတဲ့ သူကိုဆိုးမှာပဲ သားအနေနဲ့ကိုင်တွယ်တတ်ဖို့ပဲလိုတာ"

အဖေ့စကားကြောင့် သူရယ်မိတော့ အဖေကမျက်မှောင်ကုတ်ပြီး ကြည့်လေသည်။
သူ့ကိုသာဆုံးမ နေတာ၊ ကိုင်းကိုတော့ကလေးတဲ့လား…
ထိုအချိန် မီးဖိုခန်းမှရယ်သံတွေထွက်လာပြီး ကိုင်းအသံစာစာလေးက အပြင်ကိုပြန်ရောက်လာသည်။

"ဘဘ တီလေးကို ကိုင်း စ ထားခဲ့တာ"

အဖေက ခေါင်းညိတ်ပြရင်း ကိုင်းခေါင်းလေးကို ဖွဖွပုတ်သည်။
အဖေနဲ့တီလေးက အသက်ကြီးမှ လက်ထပ်ခဲ့သည်မို့ ကလေးမရနိုင်တော့၍ သူမကိုမှ ကလေးလေးလိုယုယပြီးချစ်နေခြင်းဖြစ်ကာ ဒီကောင်မလေးကိုက ကံကောင်းတာ…

သူမ မှ တစ်ပါးOpowieści tętniące życiem. Odkryj je teraz