"Beak ရပြီ "

"အွန်း ဒီမှာ ချလိုက်...."

"Beak ပင်ပန်းနေပြီလားဟင် ကိုယ့်ကို ဆေးခန်းလဲ ကူရသေး ထမင်းဟင်းလဲ ချက်ရသေး"

"မပင်ပန်းပါဘူး ပါရမီဖြည့်တယ်လို့တောင် ခံစားရသေးတယ်"

စကားတတ်လွန်းတဲ့ Beakကို သူထွေးပွေ့လိုက်သည်။

"Yeol ဘယ်လိုဖြစ်နေတာလဲ Kyungsooတို့ ထွက်လာအုံးမယ်"

"လာ လာကွာ ....ကိုယ့်ချစ်သူ ကိုယ်ဖက်တာကို.....ကျေးဇူးတင်ပါတယ် Beak ...ကိုယ့်ဘေးမှာ ရှိနေပေးလို့ ပြီးတော့ ကိုယ့်ဘဝထဲ ဝင်လာပေးလို့"

"ဒါဆိုရင်တော့ Beakကလဲ ပြန်ကျေးဇူးတင်ပါတယ်နော်....Yeolရဲ့ ဘဝထဲ Beakကို ခေါ်သွင်းပေးလို့ "

"အွန်းးးးBeakကို ကိုယ်အရမ်းချစ်တာဘဲ"

"Beakလဲ ချစ်တယ် "

Beakရဲ့ ပါးလေးကို ကိုင်ကာ သူအမြဲ ပစ်မှားနေတဲ့ နှုတ်ခမ်းရဲရဲလေးဆီ တိုးကပ်သွားသည်။

"အဟမ်းးးးးအဟမ်းးးးး"

နှုတ်ခမ်းနှစ်စုံ ထိကပ်တော့မယ့် အချိန်မှာ ဝင်လာတဲ့ kyungsooရဲ့ ချောင်းဟန့်သံကြောင့် ချက်ချင်း Chanyeolတို့ လူချင်းခွာသွားသည်။

"ထမင်းလေး စားလို့ရတယ်မလားဟင်"

Kyungsooရဲ့ ရွဲ့မေးတဲ့ စကားကြောင့် Beak ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။
Chanyeolကတော့ စားရခါနီးမှ ပြုတ်ကျသွားတဲ့ ရေခဲမုန့်ကို ကြည့်ပြီး နှမြောတသသ ဖြစ်နေတဲ့ ကလေးလို ငိုမဲ့မဲ့ဖြစ်နေသည်။

"Chanyeol မနက်ဖြန် ငါပြန်တော့မယ်နော်"

Kyungsooရဲ့ စကားကြောင့် ဒီတစ်ခါ ငိုမဲ့မဲ့ ဖြစ်တာက Kaiပင်။

"အွန်း လာခဲ့ပေးတာ ကျေးဇူးပါကွာ.....မင်း လဲ အလုပ်ရဇပ်ြနေမှာကို"

"ရပါတယ်ကွာ ...အကုန်အဆင်ပြေရင် ပြီးရော ...လိုတာရှိရင် ငါ့ကို လှမ်းပြော"

"အွန်း "

Beakကတော့ နားဘဲထောင်နေလိုက်သည်။ပြီးတော့ တိတ်ဆိတ်နေတဲ့ Kaiကို ကြည့်လိုက်သည်။ပုံမှန်ဆို ယွစိတတ်နေတဲ့ Kaiက ငြိမ်နေတာ အခြေအနေ သိပ်မကောင်းလောက်ပေ။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now