"ကိုကို ဒါကအိမ်မက်မဟုတ်ဘူးမလား..."

"မဟုတ်ပါဘူး"

"ကိုကို ကျွန်တော့်ကိုချစ်တယ်မလား"

"ငါမင်းကို အများကြီးချစ်ပါတယ်"

"ကျွန်တော်လဲအများကြီးချစ်တယ်..."

ဆယ်မင်းဆက်က နွေဦး၏နှာခေါင်းထိပ်ကို သူ့နှာခေါင်းနှင့်ထိတွေ့ပွတ်သပ်နေသည်။

သူတို့တကယ်ဝေးရပြီထင်တာ...

ဒီရက်ပိုင်းတွေထဲ ဆယ်မင်းဆက်ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ ပြောတောင်မပြချင်။

ကိုကို့ပါးပေါ်ကအမှတ်နီလေးကို နောက်တစ်ကြိမ်ထပ်နမ်းမိပြန်သည်။ ဒီနေရာကို သူဘယ်လောက်နမ်းနမ်း တင်းတိမ်နိုင်မည်မထင်။ မွေးရာပါအမှတ်ရဲလေးက သူ့အနမ်းတွေကြောင့် ပိုပြီးရဲသွေးဖြာလာသလို။

"မင်း ဘယ်တော့ပြန်မှာလဲ"

ငြိမ်ငြိမ်လေးအနမ်းခံနေသည့်ကိုကိုက တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် ကောက်ခါငင်ကာထမေးလာသည်။

"ဟင် သဘက်ခါကျောင်းဖွင့်တယ်မလား"

အသက်အရွယ်ကွာဟချက်က တော်တော်လေးကြီးမားကြောင်း သူဒီနေရာမှာသဘောပေါက်သွားသည်။ အကျိုးသင့်အကြောင်းသင့် စဥ်းစားဆုံးဖြတ်တတ်သော အရွယ်ရောက်နေသည့်ကိုကိုက သူတို့ကအခုမှချစ်စခင်စဆိုတာရော သတိရရဲ့လား။

"မနက်ဖြန်မပြန်သေးဘူးလေ ကိုကိုနဲ့နေအုံးမှာ"

"မရဘူး"

"ဘာလို့မရတာလဲ"

"ငါကဒီကိုအလုပ်နဲ့လာတာ မနက်ဖြန်ဆိုရင် အလုပ်ကလူတွေရောက်လာတော့မှာ... ပြီးတော့ မင်းနောက်ဆုံးနှစ်ကအရေးကြီးတယ်လေ အတန်းတွေအရမ်းပျက်လို့မရဘူး"

ကိုကို့လေသံအေးအေးမှာ သူ့စိတ်တွေမပျော့ပျောင်းနိုင်ပါ။ ကိုကို့လက်ကိုကိုင်ပြီး ဘာမှပြန်မပြောဘဲ မျက်နှာကိုပါတည်ထားလိုက်သည်။

"ရက်ပိုင်းလောက် ထပ်နေလဲဘာမှမဖြစ်ပါဘူး"

"မဟုတ်ဘူးလေ ငါပြောတာက ငါပြန်လာမှတွေ့လို့ရတာပဲ"

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now