အခန်း - ၉၁

Start from the beginning
                                    

သို့သော်လည်း ကျန်းယွီသော်သည် သာမန်ကျသော၊ ရိုးစင်းသော၊ လူအုပ်စုထဲတွင် အလင်းရောင် တစ်စွန်းတစ်စတောင် မထွက်နေသော၊ လမ်းသွားလမ်းလာများအားလုံးကဲ့သို့ ကတိုက်ကရိုက်ဖြင့် အလောတကြီးဖြတ်သန်းသွားသော သာမန်လူတစ်ယောက်သာ ဖြစ်ရန် ချန်ခေါ့အလွန်မျှော်လင့်နေသည်။ ကျန်းယွီသော်ကလည်း သူနှင့်ထပ်တူမျှော်လင့်နေမည်ကို ချန်ခေါ့သိသည်။

အရိုးအတွင်းထဲအထိနက်နဲသည့် နာကျင်မှု၊ တစ်သက်တာခါထုတ်၍မရသည့် မှောင်မိုက်မှု၊ မိနစ်စက္ကန့်ချင်းစီအလိုက်ခံစားနေရသော ထိတ်လန့်ကြောက်ရွံ့မှုတို့တစ်ခုမှမရှိဘဲ၊ လူအုပ်ထဲတွင် မြုပ်ဝင်ရောနှောနေသော မှိန်ပါးပြီးသေးငယ်သည့် ပျော်ရွှင်မှုနှင့်ကျေနပ်အားရမှုသာ ရှိစေလိုသည်။

ချန်ခေါ့က ကျန်းယွီသော်အား ခေါင်းငဲ့ကြည့်လိုက်သည်။ ကျန်းယွီသော်က ဘယ်တော့မှ "သာမန်" ဖြစ်၍ မရနိုင်ချင်မရနိုင်လိမ့်မည်။ တစ်သက်လုံး "ပုံမှန်" ဖြစ်၍မရနိုင်ချင်မရလိမ့်မည်။ သို့သော် အနည်းဆုံးတော့ ယခုအချိန်မှစပြီး ကျန်းယွီသော်က တစ်လှမ်းချင်းစီ စတင်ချဉ်းကပ်နေပြီဖြစ်သည်။

စောစောပိုင်းက ကျန်းယွီသော်က သူတို့ကိုမြင်ရပြန်သည်။ ချန်ခေါ့က များများစားစားမမေးဖြစ်ခဲ့ပေ။ ယခင်လက်ဦးပတ်ဝန်းကျင်ထဲကိုပြန်ရောက်လျှင် တစ်ကျော့ပြန် ပြန်ဖြစ်တာမျိုးရှိနိုင်သည်။ သို့သော် အခြေအနေကိုတည်ငြိမ်အောင်သာထိန်းထားနိုင်လျှင် သက်ရောက်မှုက မကြီးမားနိုင်ပေ။

သို့သော် ကျန်းယွီသော်က စိတ်အထင်မှားခြင်း "ဖြစ်နိုင်သည်" ဟုပြောခဲ့သည်။ ထိုစကားက ချန်ခေါ့အတွက် အရေးစိုက်စရာဖြစ်သွားသည်။

ကျန်းယွီသော်က "သူတို့" နှင့် ရိုးရိုးစိမ်းသူရံများကို ခွဲခြားနိုင်သည်ဟု ဒေါက်တာလီနှင့် အစ်မလော်တို့က ယူဆထားကြသည်။ ယခင်က သူ့ကိုယ်သူ မသိခဲ့သော်လည်း "သူတို့" နှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တိုးချိန်တွင် သူ့ဘေးနားမှလူများ မျက်မြင်တွေ့ရှိနိုင်ခြင်းမှရှောင်ကျဉ်နိုင်ရန် မသိစိတ်ထဲမှ ရွေးချယ်တတ်လေ့ရှိသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now