အခန်း - ၇၅

Start from the beginning
                                    

ချန်ခေါ့က မတ်တတ်ရပ်လိုက်သည်။

ရွှီတင်းက မိမိလက်မောင်းတစ်ဖက်အား အနွေးထည်ကူဝတ်ပေးချိန်တွင် ချန်ခေါ့သည် မဆိုစလောက်လေး စိတ်မသက်မသာဖြစ်သွားသည်။ ကျန်းယွီသော်က သူ့အား အနွေးထည်ကူဝတ်ပေးချိန်တွင် "ရည်းစားကောင်လေး" တောင်မဟုတ်သေးသည်ကို သူကလည်း သက်သောင့်သက်သာဖြစ်နေခဲ့သည်။

ထိုကဲ့သို့သောခံစားချက်များကို ပြန်လည်တွေးတောမိသောအခါ ချန်ခေါ့၏ရင်ထဲတွင် နူးညံ့သွားသည်။

ရွှီတင်းက သူ့အား ကျန်းယွီသော်အိမ်သို့ ပြန်ပို့ပေးပြီးနောက် ချန်ခေါ့သည် အိမ်ထဲသို့မဝင်သေးဘဲ ဖုန်းကိုအရင်ယူထုတ်လိုက်ပြီးမှ သော့ကိုယူထုတ်သည်။

ကျန်းယွီသော်က သူ့အား သော့တစ်ချောင်းပေးထားခဲ့ပြီး ချန်ခေါ့သည် ထိုသော့တစ်ချောင်းကို ကြောင်ဦးခေါင်းသော့တွဲထဲတွင် အတူတကွချိတ်ဆွဲထားလိုက်သည်။

အိမ်ထဲဝင်လိုက်ပြီးနောက် မြောင်က သူ့ခြေထောက်ကို လာရောက်ပွတ်သပ်သည်။ ဗိုက်ဆာနေလောက်ပြီထင်သည်။

သူသည် ဖိုင်ကို ဖွင့်ကြည့်ရင်း တစ်ဖက်ကလည်း ကြောင်စာတစ်ဇွန်းနှင့် စည်သွပ်ဘူးအစာအနည်းငယ်ကို ဖြစ်သလိုယူလိုက်ပြီး ကြောင်စာခွက်ထဲသို့ ထည့်ပေးလိုက်သည်။

"အရင်ဆုံး ဖြစ်သလိုစားထားလိုက်။ ညကျ ဗိုက်ထပ်ဆာရင် မင်းစန်းကောကို သွားရှာ"

ဖိုင်ပွင့်လာပြီးနောက် ချန်ခေါ့သည် ဘာကိုမှ ဖတ်မကြည့်သေးဘဲ လက်ချောင်းများက ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကြည့်လိုက်သည်။ အရင်ဦးဆုံး ဤမှတ်တမ်း၏အရှည်အလျားကို ကြည့်လိုက်ပြီး အလုပ်ပမာဏကို ခန့်မှန်းကြည့်ချင်၍ဖြစ်သည်။

ဇယားက ရွှတ်ခနဲဖြင့် အပေါ်သို့ရွေ့လျားတက်သွားသည်။

ဝ.၁ စက္ကန့်တောင်မကုန်သေးမီ ဇယားက ရပ်တန့်ကုန်ဆုံးသွားသည်။

ချန်ခေါ့က တန့်ခနဲဖြစ်သွားပြီး ကိုယ့်ဘာသာကိုယ် မျက်စိလျှမ်းသွားသည်များလားဟု ထင်သွားသည်။

သူသည် အပေါ်ဘက်သို့ ထပ်၍ပွတ်ဆွဲကြည့်လိုက်ပြန်သည်။ တကယ်ပင် အောက်ခြေသို့ရောက်နေပြီဖြစ်သည်။ သို့နှင့် ပြန်ဆွဲချလိုက်ပြန်ရာ ဝ.၁ စက္ကန့်အတွင်း ထိပ်ဆုံးသို့ ပြန်ရောက်သွားသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now