အခန်း - ၇၁

Start from the beginning
                                    

"ငါ့ကို သဘောကျတဲ့လူတွေက များသားပဲ။ ဘယ်တစ်ယောက်က ရုတ်တရက်လာပြီး ဖွင့်ပြောမလဲဆိုတာတောင် မပြောတတ်ဘူး"

"ရွှီတင်းက ဂေးလား"

ကျန်းယွီသော်က လိုက်လာပြီး ရေချိုးခန်းတံခါးပေါက်တွင် မတ်တတ်ရပ်နေသည်။

ချန်ခေါ့သည် ဘောင်းဘီချွတ်ချရန်အလုပ်တွင် ကျန်းယွီသော်အားလှည့်ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဟေ့၊ ငါအိမ်သာမလို့။ နည်းနည်းရှောင်ပေး"

ကျန်းယွီသော်က ရေချိုးခန်းတံခါးကိုပိတ်လိုက်ပြီး တံခါးအပြင်ဘက်တွင် ဆက်ပြောနေသည်။

"တကယ်လို့ သူက ဂေးမဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ခင်ဗျားကို သဘောကျတယ်ဆိုပြီး ခင်ဗျားပြောရတာလဲ"

"ငါမပြောဘူး"

"အဲဒီတော့ သူက ဂေးလား"

ကျန်းယွီသော်က ဆက်မေးနေသည်။

ချန်ခေါ့မှာ အနည်းငယ် ဆွံ့အသွားသည်။ အပေါ့သွားချိန်တွင် တစ်ယောက်ယောက်က တံခါးကိုခြားပြီး မိမိအား မေးခွန်းများ လာမေးနေသည်။ အပေါ့သွားခြင်းကို တော်တော်အနှောင့်အယှက်ဖြစ်စေသည်။ သူသည် ခေါင်းကိုလှည့်ကာ တံခါးဆီသို့ဦးတည်ပြီးပြောလိုက်သည်။

"မင်း ခဏနေကျမှ မေးလို့မရဘူးလား။ ငါအာရုံလေးစိုက်ပြီး အပေါ့သွားချင်လို့"

ကျန်းယွီသော်ဘက်မှ တိတ်ဆိတ်သွားခဲ့ပြီး ချန်ခေါ့ကလည်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ဘိုထိုင်အိမ်သာ၏ ရေဆွဲချသံထွက်ပြောသည်နှင့်တစ်ပြိုင်နက် ကျန်းယွီသော်က ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ခေါင်းကိုပြူလိုက်ကာ မေးလာသည်။

"သူက ဂေးလား"

"ငါ့လခွမ်း"

ချန်ခေါ့သည် ဘောင်းဘီကို ဆွဲတင်ပြီးခါစဖြစ်ပြီး လန့်ဖျပ်သွား၍ ဘေစင်ကို တိုက်မိတော့မလိုဖြစ်သွားခဲ့သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ရွှီတင်းက သူ့ကောင်မလေးနဲ့ တွဲနေကြတာတောင် နှစ်နဲ့ချီနေပြီ"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now