အခန်း - ၅၂

Start from the beginning
                                    

"ကျွန်တော်တို့နှစ်ယောက် နောက်မှာ ထိုင်လိုက်မယ်"

ချန်ခေါ့သည် "ဒရိုင်ဘာဘေးခုံမှာပဲ မင်းသွားထိုင်လိုက်ပါ" ဟု အလွန်တရာ ပြောချင်နေသော်လည်း သူသည် ကားတံခါးဆွဲဖွင့်သော လှုပ်ရှားမှုတစ်ခုမှစတင်ပြီး၊ ပုံမှန်အသုံးပြုနေကျ လက်တစ်ဖက်က နေ့စဉ်ဘဝတွင် ဘယ်လောက်ထိအရေးပါအရာရောက်သော ဇာတ်ကွက်တွင် ဝင်ရောက်သရုပ်ဆောင်နေရသည်ကို နားလည်သဘောပေါက်သွားတော့သည်။

ကားပေါ်တက်ထိုင်ခြင်းကဲ့သို့သော အလွန်လွယ်ကူရိုးရှင်းသည့်ကိစ္စတွင်တောင်၊ သူသည် ညာဘက်လက်ကို အသုံးမပြုနိုင် မလှုပ်ရှားနိုင်ဖြစ်သွားပြီးနောက်၊ ဦးနှောက်ပျက်စီးသွားသောသူကဲ့သို့ပင် အမှုမဲ့အမှတ်မဲ့ဖြင့် ညာဘက်လက်ကို အသုံးပြုပြီး ကားထိုင်ခုံကို လှမ်းထောက်ရန် လုပ်လိုက်သည်။ လက်ကို တစ်ဝက်ခန့် ဆန့်တန်းလိုက်ပြီးတော့မှ ချန်ခေါ့သည် ထိုလက်ကို အသုံးမပြုနိုင်ကြောင်း ရုတ်ခြည်း သတိပြန်ရသွားသည်။

ချန်ခေါ့က ကားထိုင်ခုံပေါ်သို့ မျက်နှာမှောက်လျက် လဲမကျသွားခင်တွင် ကျန်းယွီသော်က နောက်မှနေပြီး ချန်ခေါ့၏ အင်္ကျီကော်လာကို ဖမ်းကိုင်ပြီး ဆွဲထားလိုက်သည်။

မှောက်လျက်လဲမကျသွားခဲ့သော်လည်း ထိုကဲ့သို့ ရုတ်တရက်ဆောင့်ဆွဲခံလိုက်ရသောကြောင့် ချန်ခေါ့သည် အသက်ရှူရပ်မတတ်ဖြစ်သွားသည်။

"... ... မင်း အားကလည်း ကြီးလိုက်တာ"

ကျန်းယွီသော်က စကားမပြောဘဲ ကားတံခါးကိုပိတ်လိုက်ပြီးနောက် ကား၏ အခြားတစ်ဖက်တံခါးဆီသို့ ပတ်သွားလိုက်သည်။

ချန်ချင့်က နောက်လှည့်ကြည့်ပြီး ချန်ခေါ့အား မြူးထူးစွာမေးလာသည်။

"ခံရခက်တယ်မလား။ ကျွန်တော်လည်း အရင်တုန်းက လက်ကောက်ဝတ်အရိုးကျိုးဖူးတယ်။ လခွမ်းကိုမှ၊ ချေးပါတာတောင် ဖင်ဆေးလို့မရဘူး ... ..."

ချန်ခေါ့သည် တဒင်္ဂအတွင်း ပြောစရာစကားများ ပျောက်ဆုံးသွားသည်။

"ငလူး မင်းက တစ်ချောင်းတည်းရှိတဲ့လက်ကျိုးသွားတာမို့လို့လား"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now