အခန်း - ၂၇

Start from the beginning
                                    

ပါးဖျယ်တို့နှင့် ဖြစ်ခဲ့သောရန်ပွဲတွင် သူ့ဘက်မှ ဝိုင်းရိုက်ပေးသောကြောင့် ချန်ခေါ့အား သူငယ်ချင်းစည်းဝိုင်းထဲသို့ ထည့်လိုက်သည့်အချက်မှလွဲလျှင် ဤသည်မှာ ဒုတိယမြောက်အချက်ဖြစ်လိမ့်မည်။

အိပ်စက်ခြင်းဟူသည်မှာ ပျော်ရွှင်စိတ်ချမ်းမြေ့စရာကောင်းသော ကိစ္စတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှိသမျှလူသားအားလုံးတို့မှာ အိပ်စက်ချိန်တွင် သက်သောင့်သက်သာအိပ်ရအောင် လုပ်ကြလေ့ရှိကြသည်။ ဤကဲ့သို့ စောင်အစွပ်က ခြေလက်တွေကို ရစ်ပတ်နိုင်ပြီး၊ ထိုမျှမက ဟိုရွေ့ဒီရွေ့ ရွေ့လျားနိုင်ခြေရှိသော စောင်ကို ခြုံအိပ်သည့် အိပ်စက်နည်းက၊ ချန်ခေါ့အား အန္တရာယ်မရှိသူတစ်ယောက်ဟု ထပ်ဆောင်း သက်သေတည်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းအနည်းငယ်ခန့်က လူချန့်က ကျန်းယွီသော်အား သူငယ်ချင်းများကို ကြိုးစားပြီး ယုံကြည်ကြည့်ရန် ပြောခဲ့ဖူးသည်။

သို့သော် ထိုတောင်းဆိုချက်မှာ ကျန်းယွီသော်အတွက် အနည်းငယ် ခဲယဉ်းသည်။ ယခုအချိန်အထိ သူသည် လူတိုင်းက သူ့အား အန္တရာယ်ပေးနိုင်သည်ဟုသာ မှတ်ယူလာခဲ့သည်။

အကယ်၍ သူငယ်ချင်းအသိမိတ်ဆွေများကို မဖြစ်မနေယုံကြည်ရမည်ဆိုပါက သူသည် သူငယ်ချင်းအရေအတွက်ကို အတတ်နိုင်ဆုံးလျှော့ချရမည့်အပြင် အခြားသောနည်းလမ်း မရှိတော့ပေ။

လူချန့်နှင့်ချန်ချင့်တို့သည် သူ့သူငယ်ချင်းမိတ်ဆွေများဖြစ်ပြီး၊ ယုံကြည်စိတ်ချ၍ရသောသူများလည်းဖြစ်သည်။ ထိုနှစ်ယောက်အပြင် အခြားသူငယ်ချင်းအနည်းငယ်ရှိခဲ့ဖူးသည်။ သို့သော် ထိုသူငယ်ချင်းများကို ယခုတွင် သူ မှတ်တောင် မမှတ်မိတော့ပေ။ ထိုသူငယ်ချင်းများက ယောက်ျားလား မိန်းမလား ဆိုသည်ကိုပင် သူမမှတ်မိနိုင်တော့ပေ။

ထို့ကြောင့် သူငယ်ချင်းမိတ်ဆွေကို ယုံကြည်ရန် သူ့ဘက်ကပေးဆပ်ရသည့် တန်ဖိုးသည် ကြီးမားလေးလံလှသည်။ သူငယ်ချင်းတိုင်းက သေချာပေါက် အန္တရာယ်ပေးတတ်သည်မဟုတ်သော်လည်း တချို့မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်လာသောအခါ ဘဝထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားတတ်ကြပြီး ဘယ်တော့မှ ပြန်မပေါ်လာတတ်ကြတော့တာလည်း ရှိသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now