အခန်း - ၁၁

Start from the beginning
                                    

ချန်ချင့်မှာ ဇဝေဇဝါဖြစ်နေတုန်းပင်။

"အဲဒါဆို မင်းက မရင်းနှီးတဲ့သူတွေနဲ့ ... ..."

ကျန်းယွီသော်သည် နဖူးပေါ်က ပတ်တီးကိုဖိထားရင်း ချန်ချင့်အား အတင်းအားထုတ်ကာ ပြုံးပြလိုက်သည်။

"ငါတို့လို လမ်းပေါ်ကလူတွေက သူတို့လို သခင်လေးတွေနဲ့ ယဉ်ကျေးမှုရှိမရှိကို သွားယှဉ်ဖို့ မစဉ်းစားနဲ့။ အလှောင်ပဲ ခံရမှာ။ နားလည်လား"

ချန်ချင့်က တစ်ခုခုပြောရန် ပါးစပ်အဟတွင် ကျန်းယွီသော်က နောက်တစ်ကြောင်း ထပ်ဖြည့်ပြောသည်။

"နားမလည်လည်း ပါးစပ်ပိတ်လိုက်တော့"

ချန်ချင့်က ခေါင်းညိတ်လိုက်သည်။

ပြန်လာရာလမ်း၌ ကားပေါ်တွင် ကျန်းယွီသော်သည် မိမိရှေ့ရှိ ကားတွင်းမှန်ကို ဆွဲချပြီး နဖူးပေါ်မှပတ်တီးကို ကြည့်လိုက်သည်။

ချန်ချင့်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"စန်းကော၊ မင်းဒဏ်ရာက ချုပ်ဖို့လိုတယ်နဲ့တူတယ်နော်"

"မလိုဘူး။ ငါ့ကိုယ်ပေါ်မှာ အပ်ရာချဖို့ လုံး၀ မစဉ်းစားနဲ့။ ဓါးအထိုးခံရရင်တောင် လုံးဝမစဉ်းစားနဲ့"

ကျန်းယွီသော်က ပြတ်သားစွာ ပြန်ဖြေသည်။

"ဖွီး ... ဖွီး ... ဖွီး ..."

ချန်ချင့်က စတီယာရင်ဆီသို့ ကျယ်လောင်စွာ ဖွီးခနဲလုပ်လိုက်သည်။

"ဒီကားက ဆေးပြီးခါစ မဟုတ်ဘူးလား"

ကျန်းယွီသော်က သူ့အားလှည့်ကြည့်ရင်းမေးသည်။ ချန်ချင့်လည်း ဘာမှမပြောဘဲ မျက်လုံးထောင့်မှ စောင်းကြည့်နေပြီးနောက် နောက်တစ်ခေါက်ထပ်ပြီး ဖွီးခနဲလုပ်ပြန်သည်။

"ဖွီး ... ဖွီး ... ဖွီး ... နောက်ဆို အဲဒီလိုမင်္ဂလာမရှိတဲ့စကားတွေ မပြောပါနဲ့တော့။ ငါနားထောင်ရုံနဲ့တင် လန့်တယ်။ အဲဒီနေ့တုန်းက မင်းပြန်မသွားခဲ့သင့်ဘူး။ ကျန်းသာ့ချီလည်း ငါ့ကို ဘာမှလုပ်ရဲတာမဟုတ်ဘူး။ ပြီးတော့ ရဲတွေလည်း ရောက်နေပြီကို"

"ရဲတွေရောက်လာတော့ရော ဘာဖြစ်နိုင်မှာမို့လို့လဲ။ သူတို့ကို ပြဿနာသွားရှာတဲ့ကောင်က မင်း။ အဖမ်းခံရမယ်ဆိုရင်လည်း မင်းပဲ အဖမ်းခံရမှာ"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now