"အခုတော့မရှိပါဘူးဗျ"
"ဟယ် ငယ်ငယ်ချောချောလေးနဲ့ ရည်းစားရှိသင့်တာပေါ့"
"ကြိုက်နေတဲ့လူတွေတော့ ပုံနေတာပဲမလား၊ ရှီဝမ် intern စဆင်းတဲ့နေ့ကတည်းက နှလုံးအထူးကုဌာနမှာ တခြားဌာနကကောင်မလေးတွေခြေချင်းလိမ်နေကြတာလေ"
"အိမ်းး အဲ့ဒီငယ်ငယ်ရွယ်ရွယ်ကလေးမတွေကတော့ပြောမနေနဲ့တော့၊ အရင်ကဆို သားဖွားမီးယပ်ဌာနလည်းမလွတ်ဘူး၊ အခု ဒေါက်တာ Park ကအိမ်ထောင်ကျသွားလို့သာ၊ သူတို့ခြေလိမ်နေကျကတော့ ဆေးရုံနေရာအနှံ့ပါပဲ၊ ဌာနတိုင်းလိုလိုမှာ ဆွဲအားပြင်းတဲ့တစ်ယောက်နှစ်ယောက်တော့ရှိကြတယ်မလား"
"ဟုတ်ပ၊ နင်ပြောမှပဲ ငါတောင် အထွေထွေဘက်မရောက်ဖြစ်တာကြာပြီ သွားဦးမှပဲ"
"အေး နင်သွားလည်း ဒေါက်တာ Hanwool ဆီကနေ သူ့လက်ထောက်ဆီရောက်နေတဲ့အကြည့်ထဲက နည်းနည်းလေးတောင်ရမှာမဟုတ်ဘူး"
"ဪ..အေးပါ ကြေကွဲရတာပေါ့"
nurse အစ်မနှစ်ယောက်က ရှီဝမ့် ကိုစကားဝိုင်းထဲထည့်ထားပေမယ့် သူတို့အချင်းချင်းပဲပြောနေကြတာမို့ ရှီဝမ် ဟိုကြည့်ဒီကြည့်ဖြင့်သာ လိုက်နားထောင်နေမိတော့သည်။
:
"လုပ်သက်ကဖြင့်အရပ်ထက်ကျော်နေပြီကို ဆေးထိုးအပ်က လက်ကိုချော်ထိုးမိတုန်း"
"ဒေါက်တာနော်!"
ပက်ခနဲနေအောင်ထွက်လာတဲ့အော်သံကြောင့် Hanwool နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။
"ကဲ ရပြီ"
"အင်! အပ်လေးပဲထိုးမိတာပါ၊ စည်းထားတဲ့ပက်တီးက အဝတ်ချုပ်လို့ရတယ်၊ အနာကပ်ပလာစတာလောက်ကပ်လည်းရတာကို"
ပက်တီးအထုံးရှိနေတဲ့ ကိုယ့်လက်ညှိုးကိုယ်ကြည့်ပြီး Yunho အီလည်လည်ဖြင့်ပြောလိုက်ပါသည်။
"မပိုနဲ့၊ အပ်ကထိုးခွဲသလိုဖြစ်သွားတာလေ၊ ဆရာဝန်တစ်ယောက်ဆိုတာ ရောဂါပိုးကိုတခြားလူတွေထက်ပိုပြီးဂရုစိုက်ရတယ်"
ပြောပြောဆိုဆိုဖြင့် Hanwool ရဲ့လက်သီးဆုပ်က Yunho ရဲ့ခေါင်းပေါ်ကို အတိအကျရောက်သွားခဲ့သည်။မနာပေမယ့်လည်း Yunho နှာခေါင်းအသာရှုံ့လိုက်မိသည်။ကိုယ့်ထက်အသက်ကြီးတဲ့လူကို ချစ်သူတော်ထားတော့လည်း တစ်ခါတလေ ဆုံးမခံရတာပေါ့။
YOU ARE READING
Perfect Love [onging]
Perfect Love-24
Start from the beginning